လက်ရှိမှာ ဟာဇက်က ခြေစွမ်းပြနေတာပါ။

ချယ်လ်ဆီးကွင်းလယ်ကစားသမား အီဒင်ဟာဇက်က ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေနဲ့ နှိုင်းယှဉ်ခံနေရပေမယ့် အသင်းအတွက် ဆုဖလားတွေ ရယူပေးဖို့သာ စိတ်ထဲမှာ ရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။ ချယ်လ်ဆီးအတွက် ပရီးမီးယားလိဂ် (၅)ဂိုး သွင်းယူပေးထားတဲ့ ကစားသမားဟာ ကာရာဘောင်းဖလားပွဲမှာလည်း လီဗာပူးလ်ကို လှပတဲ့ သွင်းဂိုးသွင်းယူပြီး ချယ်လ်ဆီးအတွက် နိုင်ပွဲရယူပေးခဲ့ပါတယ်။

Photo : ESPN

 

ချယ်လ်ဆီးလက်ထောက်နည်းပြ ဇိုလာက ဟာဇက်ခြေစွမ်းပြနေပေမယ့် အကောင်းဆုံးခြေစွမ်းမဟုတ်သေးဘူးလို့ ချီးကျူးသွားခဲ့သလို အသင်းဖော် ဘာကလေကလည်း ဟာဇက်ဟာ မက်ဆီ၊ ရော်နယ်ဒိုတိ့နဲ့ အဆင့်တူကစားသမားလို့ ချီးကျူးပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ချယ်လ်ဆီး အသင်းခေါင်းဆောင်ဟောင်း တယ်ရီကလည်း ဟာဇက်ကို အင်စတာဂရမ်ကတဆင့် ချီးကျူးခဲ့ပါသေးတယ်။

ဥရောပထိပ်တန်းလိဂ် (၅)ခုရဲ့ အကောင်းဆုံးအသင်းအဖြစ် ဂျူဗင်တပ်စ် ရပ်တည်နေ 

Photo : Sky News

 

"ဒီလိုမျိုး ချီးကျူးပြောဆိုတာတွေက စိတ်ကျေနပ်စရာပါ၊ ကွင်းထဲမှာ ရှိနေချိန်မှာ ကျွန်တော် ဘာလုပ်ပြနိုင်လဲဆိုတာကို ပြသဖို့ အမြဲတမ်း ကြိုးစားနေခဲ့တာပါ၊ လွန်ခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်က ဟာဇက်ပါပဲ၊ မပြောင်းလဲသေးပါဘူး၊ လက်ရှိအချိန်မှာ ကျွန်တော် သွင်းဂိုးတွေ ရနေပါတယ်၊ ဒါကြောင့်လည်း လူတိုင်းက ကျွန်တော့်အကြောင်း ပြောနေကြပြီး မက်ဆီ၊ ရော်နယ်ဒိုတို့နဲ့ ခိုင်းနှိုင်းနေတာပါ၊ ဒါဂုဏ်ယူစရာပါပဲ"

Photo : Sport360

 

"ဒီခြေစွမ်းကို ဆက်ပြီးထိန်းသိမ်းသွားမှာပါ၊ ကျွန်တော့်ရဲ့ အဓိကရည်မှန်းချက်က နှစ်တိုင်းမှာ ဆုဖလားရဖို့ပါ၊ ကျွန်တော် ဆုဖလား အများကြီးရယူချင်ပါတယ်၊ ပရီးမီးယားလိဂ်ဖလားရဖို့က မန်စီးတီး၊ လီဗာပူးလ်တို့လို အင်အားတောင့်တင်းတဲ့ အသင်းတွေရှိတာကြောင့် ခက်ခဲမှာပါ၊ ဒီအတွက် ကျွန်တော်တို့ အရာအားလုံးကို ပေးဆပ်သွားရမှာပါ"

Photo : Talk Chelsea

 

"ကျွန်တော် ဂိုးဘယ်လောက်သွင်းနိုင်လဲက အရေးမကြီးပါဘူး၊ ခင်ဗျားသိလား၊ ကျွန်တော် အဲဒါတွေကို သိပ်ဂရုမစိုက်တတ်ဘူး၊ ကျွန်တော် ပျော်ပျော်ရွှင်ရွှင်နဲ့ ကစားချင်တယ်၊ ပြီးတော့ နိုင်ပွဲရချင်တယ်၊ အသင်းကို ဆုဖလားတွေ ယူပေးချင်တယ်" လို့ ဟာဇက်က သူ့ရဲ့ ရည်မှန်းချက်ကို ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က