အင်္ဂလန်လေ့ကျင့်ရေးကွင်းမှာ ပြသနာဖြစ်ပွားခဲ့တာပါ။

ဂျိုးဂိုမက်ဇ်နဲ့ ပြသနာဖြစ်ပွားခဲ့လို့ လက်ရွေးစင်အသင်းကနေ ပြန်ပို့ခံခဲ့ရတဲ့ စတာလင်ဘက်ကနေ အိုဒွိုင်က ကာကွယ်ပြောဆိုပေးခဲ့တာဖြစ်ပြီး အငြင်းပွားဖွယ်ပြောဆိုမှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။


ချယ်လ်ဆီးအသင်းရဲ့ကြယ်ပွင့်ကစားသမားအိုဒွိုင်က မန်စီးတီးကစားသမားစတာလင်ဟာ သူ့ရဲ့စံပြကစားသမားဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ဂျိုးဂိုမက်ဇ်နဲ့ ပြသနာဖြစ်ပွားခဲ့လို့ လက်ရွေးစင်အသင်းကနေ ပြန်ပို့ခံခဲ့ရတဲ့ စတာလင်ဘက်ကနေ အိုဒွိုင်က ကာကွယ်ပြောဆိုပေးခဲ့တာဖြစ်ပြီး အငြင်းပွားဖွယ်ပြောဆိုမှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

ယူရို ၂၀၂၀ ခြေစစ်ပွဲအဖြစ် မွန်တီနီဂရိုးနဲ့ ကစားရမယ့်ပွဲစဉ်မတိုင်ခင်မှာ ပြသနာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ စတာလင်နဲ့ ဂိုမက်ဇ်တို့ဟာ လီဗာပူးလ်နဲ့ မန်စီးတီးတို့ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာလည်း အချင်းများခဲ့ကြတာဖြစ်ပြီး စတာလင်ဘက်က အဆိုပါအဖြစ်အပျက်ကို လက်ရွေးစင်အသင်းရဲ့ လေ့ကျင့်ရေးကွင်းအထိ ယူဆောင်လာခဲ့တာလည်းဖြစ်ပါတယ်။

"စတာလင်က ခင်မင်ဖို့ကောင်းတဲ့ လူတစ်ယောက်ပါ၊ သူ လုပ်ပြခဲ့တဲ့ အရာရာတိုင်းက အားတက်ချင်စရာတွေ၊ အားအင်ဖြစ်စေတာတွေချည်းပါပဲ၊ လက်ရွေးစင်အသင်းကို ကျွန်တော် ပထမဆုံးရောက်လာတော့ သူ့ကို အဲဒီလောက်ထိ ခင်မင်စရာကောင်းမယ်လို့ မမျှော်လင့်ခဲ့ပါဘူး၊ ဒါပေမယ့် သူက အားလုံးကိုကြိုဆိုခဲ့ပြီး စကားပြောဆိုကာ အကြံဉာဏ်တွေ ပေးခဲ့ပါတယ်"

"ကျွန်တော့်အတွက်တော့ သူက စံပြကစားသမားပါပဲ၊ ကလပ်နဲ့ နိုင်ငံအသင်းမှာ သူအံ့အားသင့်စရာတွေကို လုပ်နိုင်ခဲ့ပြီး သူ့လိုဖြစ်လာဖို့အတွက်လည်း ကျွန်တော်ကြိုးစားသွားမှာ၊ အသင်းမှာလည်း သူက ခေါင်းဆောင်တစ်ဦးပါ၊ ဘာလို့လဲဆိုတော့ ထိပ်တန်းကစားသမားဖြစ်နေလို့ပါပဲ၊ သူက ကလပ်နဲ့နိုင်ငံမှာပွဲတိုင်းကစားပေးနေရပြီး အလုပ်လည်းကြိုးစားသူဖြစ်ပါတယ်၊ ဂိုးတွေလည်းအများကြီးသွင်းနိုင်ခဲ့ပါတယ်" လို့ အိုဒွိုင်က ပြောကြားခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။

Share

က္က