ပဲလေ့စ်နဲ့ပွဲမှာ ပင်နယ်တီလွဲချော်ခဲ့သူပါ။

မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ နောက်ဆုံး ၁၂ ပွဲမှာ ၂ ဂိုးသာ သွင်းယူထားနိုင်တဲ့ အသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ကို ယုံကြည်မှု ဆက်လက်ပေးသွားမယ်လို့ Metro ရဲ့ဖော်ပြချက်အရ သိရပါတယ်။

အသက် ၂၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ ရာသီကြိုကာလအတွင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ၅ နှစ်စာချုပ်သစ် ချုပ်ဆိုခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ် ချယ်ဆီးနဲ့ပွဲမှာ ၂ ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ၉ ပွဲအထိ တစ်ဂိုးမှ သွင်းယူနိုင်ခဲ့ခြင်းမရှိသူဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ နောက်ဆုံးသုံးပွဲဖြစ်တဲ့ ဝုဗ်၊ ခရစ်စတယ်ပဲလေ့စ်၊ ဆောက်သမ်တန်အသင်းတို့နဲ့ပွဲစဉ်တွေမှာ တစ်ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး နိုင်ပွဲပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။

ပေါ့ဂ်ဘာရဲ့ ပင်နယ်တီလွဲချော်မှုကြောင့် ဝုဗ်အသင်းအိမ်ကွင်းမှာ သရေ ၁ မှတ်သာ ရရှိခဲ့သလို ခရစ်စတယ်ပဲလေ့စ်ကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာလည်း မားကပ်စ်ရက်ရှ်ဖို့ဒ်ရဲ့ ၁၂ ကိုက်အကွာကနေ အပိုင်ဂိုးသွင်းခွင့် လွဲချော်ခဲ့တာက ယူနိုက်တက်ကို ရှုံးပွဲတွေ့စေခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားက အသင်းရဲ့တိုက်စစ်ကစားသမားတွေရဲ့ စိတ်ပျက်ဖွယ်အဆုံးသတ်နိုင်စွမ်းကြောင့် ဒေါသပေါက်ကွဲခဲ့ပြီး ဆောက်သမ်တန်နဲ့ပွဲစဉ်မှာ ဒန်နီရယ်ဂျိမ်းစ်က အံံံအားသင့်ဖွယ်ကန်ချက်နဲ့ ဂိုးသွင်းယူနိုင်ခဲ့သလို ကြောက်မက်ဖွယ်ဖြတ်တင်ဘောတွေ ပေးပို့နိုင်ခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာဖြစ်ပါတယ်။

ဆိုးလ်ရှားဟာ ခရစ်စတယ်ပဲလေ့စ်နဲ့ပွဲစဉ်က ရက်ရှ်ဖို့ဒ်ရဲ့ပင်နယ်တီလွဲချော်မှုကို စိတ်ပျက်ခဲ့ခြင်းမရှိဘူးလို့ သိရပြီး အသက် ၂၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရက်ရှ်ဖို့ဒ်ကို နောက်ထပ် ပင်နယ်တီကန်သွင်းခွင့်ပေးဖို့အတွက် ယုံကြည်မှု ထပ်ပေးသွားမယ်လို့ သိရပါတယ်။  

Share

Loading Next Article...
က္က