တိုက်စစ်မှာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတာပါ။

မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ဒဏ်ရာပြဿနာတွေများပြားနေတာက အသင်းရဲ့ဂိုးမသွင်းယူနိုင်မှုမှာ တစ်စိတ်တပိုင်း ပြစ်တင်ပြောဆိုစရာဖြစ်တယ်လို့ ယုံကြည်နေကြောင်း Metro က ဖော်ပြခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ရာသီအဖွင့်ပွဲစဉ်မှာ ချယ်ဆီးအသင်းကို ၄ ဂိုး သွင်းယူခဲ့ပြီးကတည်းက ပြိုင်ပွဲစုံ ၇ ပွဲမှာ ၆ ဂိုးသာ သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်က ဝက်စ်ဟမ်းအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အံံံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဂိုးသွင်းယူနိုင်ဖို့အတွက် ရုန်းကန်ခဲ့ရပါတယ်။

ကရာဘောင်ဖလားပွဲစဉ်အဖြစ် ရော့ချ်ဒေးလ်နဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာလည်း တိုက်စစ်ပိုင်း အားနည်းနေမှုကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရပြီး ပင်နယ်တီအဆုံးအဖြတ်နဲ့သာ ပထမတန်းအသင်းဖြစ်တဲ့ ရော့ချ်ဒေးလ်ကို အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုအပတ်မှာ အာဆင်နယ်အသင်းနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပေမယ့် တိုက်စစ်မှူးတွေဖြစ်ကြတဲ့ မားကပ်စ်ရက်ရှ်ဖို့ဒ်နဲ့ အန်သိုနီမာရှယ်တို့ ပါဝင်ကစားပေးနိုင်မလားဆိုတာကို မရေမရာဖြစ်နေတာဖြစ်ပါတယ်။

“ကျွန်တော်တို့ ဘယ်လောက်အထိ ခံစစ်ပိုင်းမှာ တိုးတက်လာလဲဆိုတာ ခင်ဗျား မြင်နိုင်ပါတယ်”

“ကျွန်တော်တို့ ကြီးမားတဲ့ငွေကြေးအသုံးပြုပြီး အာရွန်နဲ့ ဟယ်ရီတို့ကို အင်အားဖြည့်ထားခဲ့တာပါ။ ကျွန်တော်တို့ အခွင့်အရေးတွေအများကြီး ခွင့်မပြုခဲ့ရဘူး။ ဂိုးတွေအများကြီး ခွင့်မပြုခဲ့ရဘူး”

“ရှေ့ဆက်သွားဖို့ တခြားနည်းလမ်းက ဒဏ်ရာပြဿနာတွေနဲ့ ကျွန်တော်တို့ ရုန်းကန်နေခဲ့ရတာပါ။ ပေါလ်၊ အန်သိုနီ၊ မားကပ်စ်တို့ ဒဏ်ရာရရှိနေပြီး ကျွန်တော်တို့ အဲဒီရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ကံဆိုးတာတွေရှိခဲ့ပါတယ်”

“ဆက်ဆံရေးတစ်ခုတည်ဆောက်မှုပေါ့။ အဲဒါက ခင်ဗျား ကစားသမားတွေကို ဆုံးရှုံးတဲ့အခါမှာ အကူအညီမဖြစ်စေနိုုင်ပါဘူး။ ဒီကောင်လေးတွေက ကစားပုံအချိတ်အဆက်မိဖို့လိုအပ်ပါတယ်။ တကယ်လို့ ခင်ဗျားရဲ့ရွေ့လျားမှုအတွက် စက္ကန့်ဝက်ပဲရှိမယ်ဆိုရင်ပေါ့”

“တခါတရံမှာ အဆုံးသတ်က ပိုပြီး ကောင်းမွန်လာနိုင်ပါလိမ့်မယ်။ ဒါပေမယ့် တစ်ဖက်ဂိုးမှာ ထူးချွန်တဲ့ဂိုးသမားအချို့ ရှိနေတဲ့အချိန်မှာ ပိုလို့တောင် ကောင်းမွန်ရပါလိမ့်မယ်”လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က