အင်တာမီလန်ကို နောက်ကောက်ချနိုင်ခဲ့ပါပြီ။

စီးရီးအေဆုဖလားအတွက် အင်တာမီလန်နဲ့ အပြိုင်ဖြစ်နေတဲ့ အေစီတို့ဟာ နောက်ဆုံးပွဲမှာတော့ ဆာဆူအိုလိုကို အဝေးကွင်းမှာ ဂိုးပြတ်နိုင်ပြီး ဆယ်စုနှစ်တခုကြာဝေးကွာနေတဲ့ အမှတ်ပေးဖလားကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ အေစီအတွက် ဂီရော့ဒ်က နှစ်ဂိုး၊ ကက်ဆီကတဂိုးကို ပထမပိုင်းမှာပဲ သွင်းပေးခဲ့လို့ အေးအေးဆေးဆေးဖြစ်သွားခဲ့ပါတယ်။ 

ရာဖေးလွီအိုကတော့ အသင်းအတွက် ၂ ကြိမ်ဖန်တီးပေးခဲ့ပြီး သူ့ရဲ့ ဂိုးပါဝင်ပတ်သက်မှုနှုန်းမြင့်မားနေတာကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ တဖက်မှာ အင်တာက ဆမ်ဒိုရီးယားနဲ့ ကစားနေခဲ့ရပြီး နိုင်ပွဲရသွားခဲ့ပေမယ့် သရေကျရုံနဲ့ ဆုဖလားရမယ့် အေစီကိုတော့ သူတို့တွေ ဘယ်လိုမှကျော်တက်ဖို့ရာ မဖြစ်နိုင်ခဲ့တော့ပါဘူး။

ဇလာတန်ကတော့ အေစီနဲ့အတူ တကျော့ပြန်ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး ဂီရော့ဒ်ကလည်း လိဂ် ၃ ခုမှာ အမှတ်ပေးဖလားရတဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။ သူက လီဂူး၊ ပရီးမီးယားလိဂ်နဲ့ စီးရီးအေဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့တာပါ။ မီလန်အတွက် ပိုပြီးချိုမြိန်တာကတော့ မြို့ခံပြိုင်ဘက်ကို နှာတဖျားအသာနဲ့ ဗိုလ်စွဲနိုင်ခဲ့တာဖြစ်ပါတယ်။ 

စီးရီးအေရွှေဖိနပ်ဆုကိုတော့ လာဇီယိုတိုက်စစ်မှူးအင်မိုဘီလီက ထပ်မံရရှိသွားခဲ့ပါတယ်။ ၃၁ ပွဲတည်းကစားပေးခဲ့ပေမယ့် ၂၇ ဂိုးအထိရရှိခဲ့တာဖြစ်ပြီး မာတီနက်ဇ်၊ ဆီမြွန်နီ၊ အေဘရာဟမ်တို့က သူ့ထက်ပိုပြီးပွဲတွေကစားခဲ့ရပေမယ့် ဝါရင့်အီတလီတိုက်စစ်မှူးကို လိုက်မမီခဲ့တာဘဲဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က