အက်ဖ်အေစတုတ္ထအဆင့်ကဖြစ်ရပ်ကို မမေ့နိုင်ကြသေးပါဘူး။

စနေနေ့ညနေက ဝုဗ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဝုဗ်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ပြီး အက်ဖ်အေဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် မန်ယူကြယ်ပွင့် ဂျက်ဆီလင်ဂတ်ကို အာဆင်နယ်ပရိသတ်တွေက ဝိုင်းဝန်း လှောင်ပြောင်ခဲ့ကြပါတယ်။

ဒုတိယပိုင်းမှာ ဝုဗ်အသင်းက ရာအူးလ်ဂျီမီနက်ဇ်၊ ဂျိုတာတို့ရဲ့သွင်းဂိုးတွေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို ဦးဆောင်နိုင်ခဲ့တာဖြစ်ပြီး မိနစ် ၉၀ ပြည့်လို့ နာကျင်အချိန်ပိုမှာ ရက်ရှ်ဖို့ဒ်က မန်ချက်စတာယူနိုက်တက်အတွက် ချေပဂိုးကို ပြန်လည်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။



ဝုဗ်အသင်းနဲ့ပွဲစဉ်မှာ ဂျက်ဆီလင်ဂတ်ဟာ ခြေစွမ်းပြသဖို့အတွက် ရုန်းကန်ခဲ့ရပြီး ၈၆ မိနစ်မှာ ယာယီနည်းပြ အိုလီဂန်းနားဆိုးလ်ရှားရဲ့ လူစားလဲလှယ်ခြင်းကို ခံခဲ့ရပါတယ်။ လင်ဂတ်ဟာ အက်ဖ်အေဖလား စတုတ္ထအဆင့်မှာ အာဆင်နယ်အသင်းကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဂိုးသွင်းယူအပြီး Moonwalk အကကို ကပြခဲ့တာကြောင့် အာဆင်နယ်ပရိသတ်တွေရဲ့ဒေါသထွက်ခြင်းကို ခံခဲ့ရသူဖြစ်ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်း ဝုဗ်ကို ရှုံးနိမ့်ပြီး အက်ဖ်အေဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရချိန်မှာ အာဆင်နယ်ပရိသတ်တွေအတွက် ဂျက်ဆီလင်ဂတ်ကို လက်စားချေဖို့ အခွင့်ကောင်းကို ရရှိသွားခဲ့ပါတယ်။

အာဆင်နယ်ပရိသတ်တစ်ဦးက “ဒီလိုကတာမျိုး ဒီနေ့မတွေ့မိပါလား”ဆိုတဲ့ စာသားနဲ့အတူ လင်ဂတ် ကနေတဲ့ဗီဒီယိုဖိုင်ကို တွစ်တာမှာ တင်ခဲ့ပါတယ်။ နောက်ထပ်တစ်ဦးကလည်း “အခု လင်ဂတ် ဘယ်ရောက်နေတာလဲ။ မင်းရဲ့ရူးကြောင်ကြောင်ကကွက်ကရော ဘယ်မှာလဲ”လို့ ရေးသားပြီး တင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က