ဒီဇင်ဘာ ၂၉ ရက်နေ့မှာ အပူချိန် ၄.၅ ဒီဂရီဆဲစီးယပ်အထိ စံချိန်တင် ကျဆင်းခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝှမ်း အအေးလွန်ကဲမှုကြောင့် လူ ၅၀ ထက်မနည်း သေဆုံးခဲ့ကြောင်း အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။

(Photo: UFS.NEWS)

ဘင်္ဂလားဒေ့ရှ်မှာ ယခုနှစ်အတွင်း စံချိန်တင် အပူချိန်ကျဆင်းမှုအဖြစ် ယမန်နေ့ (ဒီဇင်ဘာ ၂၉ ရက်) မနက်ပိုင်းက နိုင်ငံမြောက်ပိုင်း နယ်စပ်ဒေသရှိ Tetulia မြို့ငယ်မှာ အပူချိန် ၄.၅ ဒီဂရီဆဲလ်စီးယပ် ဖြစ်ခဲ့ကြောင်း မိုးလေဝသဌာနက ပြောပါတယ်။ လက်ရှိမှာလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံတစ်ဝှမ်း အအေးလွန်ကဲနေဆဲ ဖြစ်ပါတယ်။



နိုဝင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၂၈ ရက်အထိ စာရင်းတွေအရ အအေးလွန်ကဲမှုအတွင်း လူ ၅၀ သေဆုံးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် ကျန်းမာရေးဌာနမှ အကြီးတန်းအရာရှိ Ayesha Akhter က ပြောပါတယ်။ ဆေးရုံတွေမှာလည်း တုပ်ကွေး၊ ရေဓာတ်ခမ်းခြောက်မှုနဲ့ အဆုတ်ရောင်ရောဂါကဲ့သို့ အအေးလွန်ကဲမှုနဲ့ ဆက်နွယ်နေတဲ့ လူနာများဖြင့် ပြည့်နှက်နေတယ်လို့ ဆိုပါတယ်။

(Photo: Raziur Rahman)

ဝင်ငွေနည်းသူများ အထူးသဖြင့် အလုပ်ကြမ်းသမားတွေဟာ လုံလောက်တဲ့ အဝတ်အထည်များမရှိခြင်းကြောင့် အအေးလွန်ကဲမှုကို အဆိုးဆုံး ခံစားကြရပါတယ်။ ထို့အတူ ကလေးများနဲ့ သက်ကြီးရွယ်အိုတွေဟာလည်း အအေးလွန်ကဲမှုကြောင့် အဆုတ်ရောင်ရောဂါ ဖြစ်ကြတယ်လို့ Ayesha Akhter က ပြောပါတယ်။

လေးအေးများတိုက်ခြင်းနဲ့ မြူများထူထပ်စွာ ကျရောက်ခြင်းတို့နဲ့အတူ အအေးလွန်ကဲမှုဟာ နောက်ထပ် ရက်အနည်းငယ်ကြာ ဆက်လက် ဖြစ်ပေါ်နေမယ်လို့ ဘင်္ဂလားဒေ့ရှ် မိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ ယခုရက်ပိုင်းအတွင်း မြူများထူထပ်စွာကျမှုကြောင့် လေကြောင်းခရီးစဥ်များ ဖျက်သိမ်းရမှုနဲ့ နှောင့်နှေးမှုတွေလည်း ကြုံခဲ့ရကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။

(Photo: AM Ahad/AP)

အအေးလွန်ကဲပြီး ရာသီဥတုဆိုးရွားနေပေမဲ့လည်း အခြေခံလူတန်းစားတွေကတော့ ဒါကာမြို့တော် လမ်းမတွေပေါ်မှာ အလုပ်လုပ်ကိုင်နေကြရဆဲလို့ ဆိုပါတယ်။ "ကျွန်တော့်မှာ ရွေးချယ်စရာ မရှိဘူးလေ၊ ကျွန်တော့်မိသားစုကို ရှာဖွေကျွေးဖို့အတွက် ရာသီဥတုဆိုးတာကိုလည်း ဂရုမစိုက်ဘဲ အလုပ်လုပ်ရတာပါပဲ၊ ခရီးသည်ကတော့ သိသိသာသာ နည်းသွားတာပေါ့ဗျာ၊ လူတွေက အေးလွန်းတော့ အပြင်သိပ်မထွက်ကြဘူးလေ" လို့ ဒါကာမြို့မှာ လန်ချားပုံစံ ဆိုက်ကားနင်းသူ Abdur Rahim က ပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က