မုန်တိုင်းက အိန္ဒိယကိုဝင်မှာပါ။

အိန္ဒိယနိုင်ငံ ဒီဂါမြို့အနီးကို ဗဟိုပြုနေတဲ့ မုန်တိုင်းငယ်က မြန်မာနိုင်ငံကို အဖျားခတ်နိုင်တာကြောင့် မုတ်သုန်အားကောင်းမယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးကျော်မိုးဦးက Duwun ကိုစက်တင်ဘာ ၆ ရက်နေ့ ညနေပိုင်းက ပြောပါတယ်။

 

Photo - မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

 

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်က ပိုအားကောင်းလာနေတာဖြစ်ပြီး မြန်မာနိုင်ငံကိုဦးတည်ရွေ့လျားမယ့်အခြေအနေမရှိတာကြောင့် အဝါရောင်အဆင့်သတ်မှတ်ထားတယ်လို့ သိရပါတယ်။

“အိန္ဒိယကို ဝင်မှာပါ။ ဒီညနေလောက်ပေါ့ မုန်တိုင်းကြောင့် မုတ်သုန်အားကောင်းနေတယ်။မြစ်ဝကျွန်းပေါ်နဲ့ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်မှာ မုန်တိုင်းအရှိန်ကြောင့် မုတ်သုန်လေအားကောင်းနေတယ်။ မုတ်သုန်လေပြင်းကျချိန်မှာတော့ ရေပြင်မြေပြင်လေက တစ်နာရီကို ၃၅ မိုင်ကနေ ၄၀ အထိရှိနိုင်တယ်။” လို့ သူက ပြောပါတယ်။

မိုးသက်လေပြင်းကျစဉ်မှာ ရေပြင်၊မြေပြင်လေက တစ်နာရီကို မိုင် ၃၅ မိုင်ကနေ ၄၀ အထိတိုက်ခတ်နိုင်တာဖြစ်ပြီးတော့ မြန်မာ့ပင်လယ်ပြင်မှာလည်းလှိုင်းအသင့်အတင့်ရှိတယ်လို့မိုးဇလက ထုတ်ပြန်ထားပါတယ်။ လှိုင်းအမြင့်အနေနဲ့ မြစ်ဝကျွန်းပေါ်၊ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ လှိုင်းအသင့်အတင့်ရှိနေမယ်လို့သိရပါတယ်။

လှိုင်းအမြင့်ကတော့ မြစ်ဝကျွန်းပေါ်၊ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ ၈ ပေကနေ ၁၀ ခန့်နဲ့ ၊မုတ္တမကွေ့ ၊မွန်-တနလာၤရီ ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ ၅ ပေနဲ့ ၇ ပေ ခန့်ရှိနိုင်တယ်ုလိ့ သိရပါတယ်။ ဒါကြောင့် မို့ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာရှိတဲ့ ကမ်းနီး၊ကမ်းဝေးငါးဖမ်းရေယာဉ် ၊သဘောၤတွေအနေနဲ့ ကြိုတင်သတိပြုဖို့ လည်း ထုတ်ပြန်ထားပါတယ်။

Share

Loading Next Article...
က္က