ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း ပါဘက် ရဲ့အရှိန်ကြောင့်ရန်ကုန်နဲ့ အနီးတဝိုက်မှာ ဇန်နဝါရီ ၆ ရက်နေ့မှာ မိုးရွာသွန်းမှာဖြစ်တယ်လို့မိုးဇလကနေ သတင်းထုတ်ပြန်ထားပါတယ်
ဓါတ်ပုံ-မိုးဇလ
ဆိုင်ကလုန်းမုန်တိုင်းက မြန်မာနိုင်ငံကော့သောင်းမြို့ အနောက်တောင်ဘက် မိုင် (၇၀) ခန့် ကိုကိုးကျွန်းမြို့ရဲ့ အရှေ့တောင်ဘက် အိန္ဒိယနိုင်ငံပို့ပလဲယာရဲ့ အရှေ့တောင်ဘက် မိုင် (၃၂၀) ကိုဗဟိုပြုနေတာဖြစ်ပါတယ်
မုန်တိုင်းအရှိန်ကြောင့် တနလာၤရီတိုင်းဒေသကြီးမှာ နေရာစိပ်စိပ် ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကျဲကျဲနဲ့ ပဲခူးတိုင်း ရန်ကုန်တိုင်း ဧရာတီနဲ့ ကယားတို့မှာ နေရာကွက်ကျားမိုးရွာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်
မြန်မာ့ပင်လယ်ပြင်မှာလည်း မြစ်ဝကျွန်းပေါ် နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ မိုးသက်လေပြင်းတွေကျရောက်ပြီး လှိုင်းကြီးမှာဖြစ်ပြီး ရေပြင် မြေပြင်လေက တစ်နာရီကို မိုင် ၄၀ အထိတိုက်ခတ်မှာဖြစ်တယ်လို့ သိရပါတယ်
မြစ်ဝကျွန်းပေါ်မှာလှိုင်းအမြင့်က ၈ပေ ကနေ ၁၀ ပေအထိရှိပြီးတော့ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၄ ပေကနေ ၆ ပေအထိရှိနိုင်ပါတယ်
မုန်တိုင်းအရှိန်ကြောင့် နေပြည်တော် ၊ မန္တလေး ၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ ရှမ်း၊ ရခိုင်၊ ကယား၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကျဲကျဲကနေ နေရာစိပ်စိပ်မိုးထစ်ချုန်းရွာမယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်