နှစ်ယောက်သား တွစ်တာပေါ်မှာ ပြဿနာတက်နေပြန်တာပါ။

ဘရန့်ဖို့ဒ်နဲ့ယူနိုက်တက်ပွဲအတွက် ယူနိုက်တက်ဂန္တဝင်ဟောင်း ဂယ်ရီနဗီးလ်က သူ့ရဲ့တွစ်တာကတဆင့် ပရိသတ်တွေရဲ့ ရင်ခုန်သံတွေကို မေးမြန်းခဲ့ပေမယ့် လီဗာပူးဂန္တဝင် ကာရေဂါကတော့ ဒီအကြောင်းကို အသုံးချပြီး ဂယ်ရီနဗီးလ်ကို ထိုးနှက်ပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဒီကနေ့ညမှာ ပရီးမီးယားလိဂ်ပွဲစဥ် (၂) အဖြစ် ဘရန့်ဖို့ဒ်နဲ့ အဝေးကွင်းပွဲ ကစားရမှာပါ။



ဒီပွဲမတိုင်ခင် နာရီပိုင်းအလိုမှာ ဂယ်ရီနဗီးလ်က “အခုဆိုရင် ဘရန့်ဖို့ဒ်နဲ့ပွဲအတွက် နာရီပိုင်းပဲ လိုပါတော့တယ်။ ငါတို့ သရဲနီတွေ ဘာတွေစဥ်းစားနေပြီလဲ” လို့ သူ့ရဲ့တွစ်တာပေါ်မှာ ရေးသားခဲ့ပါတယ်။ ဒီအခွင့်အရေးကို ကာရေဂါက နည်းနည်းလေးမှ လက်လွှတ်မခံခဲ့ဘဲ အခုလိုပဲ ထိုးနှက်ခဲ့တာဖြစ်ပါတယ်။ ကာရေဂါက “မင်းက အသင်းကိုရောင်းပေးပါဆိုပြီး ဂလေဇာမိသားစုကို ပြောတော့မယ်ထင်တာပဲ”

“ဒါပေမယ့် သူတို့ မင်းကိုသာ ပိုက်ဆံပေးလိုက်ရင် မင်းပြောတော့မှာ မဟုတ်ပါဘူး” လို့ တွစ်တာကတဆင့်ပဲ ဂယ်ရီနဗီးလ်ကို တိုက်ခိုက်ခဲ့ပါတယ်။ စကိုင်းစပေါ့ရဲ့ ရုပ်သံဝေဖန်သုံးသပ်သူတွေအဖြစ်လည်း ဆောင်ရွက်နေကြတဲ့ ဒီနှစ်ယောက်ဟာ ကစားသမားဘဝမှာ သက်ဆိုင်ရာအသင်းတွေရဲ့ ဂန္တဝင်တွေဖြစ်ခဲ့ကြသလို မဟာရန်သူတွေလည်းဖြစ်ခဲ့ကြတာပါ။

ဂယ်ရီနဗီးလ်ကလည်း ကာရေဂါကို (၂၀၀၇) တုန်းက လီဗာပူးအသင်းပိုင်ရှင်တွေနဲ့ပတ်သက်လို့ ကာရေဂါပြောခဲ့ဖူးတဲ့ စကားအကြောင်း ပြန်လည်တူးဆွပြီး ပြန်လည်ထိုးနှက်ခဲ့ပါတယ်။ ဒီနှစ်ယောက်ကတော့ အခွင့်ရတိုင်း တယောက်နဲ့တယောက် အပြန်အလှန်ထိုးနှက်လေ့ရှိပြီး စကိုင်းစပေါ့ရဲ့ ရုပ်သံဝေဖန်သူတွေအဖြစ် ဆောင်ရွက်ရင်း ပြဿနာရှာနေကြဆဲဖြစ်ပါတယ်။ ယူနိုက်တက်ကလည်း အသင်းပိုင်ရှင် ဂလေဇာမိသားစု လက်ထက်မှာ ကွင်းတွင်းအောင်မြင်မှုတွေ ကျဆင်းသွားခဲ့ပါတယ်။

ဒါပေမယ့် အသင်းပိုင်ရှင်မိသားစုကတော့ ယူနိုက်တက်ရဲ့ပုံရိပ်ကို အသုံးချပြီး နှစ်စဥ်နှစ်တိုင်း အမြတ်ငွေတွေရရှိနေပါတယ်။ ဒါ့အပြင် အသင်းအတွက် လိုအပ်တဲ့ပြင်ဆင်အားဖြည့်မှုတွေကိုလည်း လုံလုံလောက်လောက် မပြုလုပ်ပေးနိုင်ခဲ့တာကြောင့် ဂယ်ရီနဗီးလ်အပါအဝင် ယူနိုက်တက်ပရိသတ်တွေက ဂလေဇာကို အသင်းကိုပြန်လည်ရောင်းချဖို့ ဖိအားပေးဆန္ဒပြနေကြပါတယ်။ 

Share

Loading Next Article...
က္က