Honor 50 ဟာ Google Services ရတဲ့ ပထမဆုံး Honor ဖုန်းဖြစ်မယ်လို့ ဆိုပါတယ်

Huawei နဲ့ မသက်ဆိုင်တဲ့ brand တစ်ခုအဖြစ် ရပ်တည်ပြီးနောက် ထုတ်လာတဲ့ Honor စမတ်ဖုန်းတွေထဲမှာ ပထမဆုံး Google Mobile Services ရတဲ့ဖုန်းကို မြင်ရတော့မှာပါ။ 

Honor ရဲ့ တရားဝင် Twitter အကောင့်မှာ ကြေညာချက်အရ Honor 50 ဟာ Google Services ရတဲ့ ပထမဆုံး Honor ဖုန်းဖြစ်မယ်လို့ ဆိုပါတယ်။ Honor 50 ကို အောက်တိုဘာ ၂၆ ရက် ဥရောပဈေးကွက်မှာ သွင်းတော့မှာပါ။ Huawei ကနေ ခွဲထွက်ပြီး ကိုယ်ပိုင်ကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်ပြီး တစ်နှစ်အတွင်းမှာ Honor ကနေ စမတ်ဖုန်းတွေ ထုတ်လာပါတယ်။ 





၂၀၂၁ နှစ်ဆန်းပိုင်းကတည်းက နှစ်ကုန်ပိုင်း ထွက်လာမယ့် Honor ထုတ်ကုန်တွေမှာ Google Services ပါလာမယ်ဆိုပြီး ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဂျော့ချ်ဇောင်မင်းက ပြောခဲ့တာပါ။ နောက်ပိုင်းထွက်လာမယ့် Honor ထုတ်ကုန်တွေမှာ Google ၊ Intel ၊ AMD ၊ Qualcomm စတဲ့ အမေရိကန်ကုမ္ပဏီတွေရဲ့ ထုတ်ကုန်နဲ့နည်းပညာဝန်ဆောင်မှုတွေ ထည့်သွင်းလာဖို့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နေတာပါ။ 

Honor ဟာ လက်ရှိတရုတ်ဈေးကွက်မှာ Xiaomi ကို ကျော်ပြီး တတိယရှယ်ယာအများဆုံးဖုန်း Brand တစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒီနှစ်အတွက် Honor ရဲ့ အဓိကမစ်ရှင်ဟာ တရုတ်နိုင်ငံအတွင်းမှာ Huawei နဲ့ Apple ကို ယှဉ်ပြိုင်နိုင်တဲ့ flagship ဖုန်းတွေ ထုတ်လုပ်ဖို့ ဖြစ်တယ်လို့ ကုမ္ပဏီ CEO က ပြောခဲ့ဖူးပါတယ်။ Huawei ကနေ ခွဲထွက်ပြီး Honor V40 5G ထုတ်နိုင်ခဲ့ပေမယ့် Dimensity 1000+ SoC သုံးထားတဲ့ ဒီဖုန်းဟာ GMS ရတဲ့ ဖုန်းတစ်လုံးတော့လည်း မဟုတ်ခဲ့ပါဘူး။


Photo: Android Authority

Global မှာ မကြာခင် ရောက်ရှိလာမယ့် Honor 50 နဲ့ Honor 50 Pro မော်ဒယ်တွေဟာ 5G ချိတ်ဆက်နိုင်မယ့် Snapdragon 778G chipset ၊ 108MP main sensor ပါ Quad Camera စနစ် ၊ 100W charging နည်းပညာနဲ့ performance မြှင့်တင်နိုင်မယ့် GPU Turbo X ၊ Hunter Boost စတဲ့ features တွေလည်း ပါလာမှာပါ။ တရုတ်ဈေးကွက်မှာ ယွမ် ၂၇၀၀ (မြန်မာငွေ ၈ သိန်းကျော်) နဲ့ ယွမ် ၃၇၀၀ (မြန်မာငွေ ၁၁ သိန်းကျော်) ဈေးတွေနဲ့ ဖြန့်ချိခဲ့တာ ဖြစ်ပြီး ဥရောပဈေးကွက်မှာတော့ ဈေးပို မြောက်နိုင်ပါတယ်။ 

Honor ဟာ Magic 3 series လိုမျိုး အမိုက်စား Flagship ထုတ်ကုန်တွေကိုလည်း ထုတ်လုပ်ထားတာကြောင့် Flagship ဈေးကွက်ကို သွားမယ်ဆိုတဲ့ စကားက အဓိပ္ပါယ်ရှိလာပါတယ်။ Global Launch လုပ်လာပြီးဆိုရင်တော့ နောက်နှစ်တွေမှာ Honor ဟာ Global ဈေးကွက်မှာပါ နေရာရလာမယ့် brand တစ်ခုအဖြစ် မြင်ရဖို့ ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က