ဒီဇင်ဘာလ ၂၇ ရက်နေ့၊ ဒူဘိုင်းမှာ ဆုပေးပွဲလုပ်သွားမှာပါ။

၂၀၁၀ ကမှ စတင်ပေးအပ်ခဲ့တဲ့ ဒီဆုကို ရော်နယ်ဒိုက ၆ ကြိမ်တိတိရရှိထားကာ အများဆုံးရသူအဖြစ်ရပ်တည်နေပြီး ၄ ကြိမ်က ဆက်တိုက်ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။


2021 Globe Soccer ဆုအတွက် နောက်ဆုံးဆန်ခါတင်စာရင်းထွက်ပေါ်လာခဲ့ရာမှာ ရော်နယ်ဒိုနဲ့ မက်ဆီတို့ အပြိုင်အဆိုင်ဖြစ်နေတယ်လို့ အဆိုပါဆုရွေးချယ်မှုရဲ့ တရားဝင်သတင်းဌာနဖြစ်တဲ့ Marca က ဖော်ပြလိုက်ပါတယ်။ ပရိသတ်ပေါင်း ၅ သန်းက ရွေးချယ်ခဲ့ကြတာ ဖြစ်ပြီး ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ဆုပေးပွဲကို ဒူဘိုင်းမှာပြုလုပ်သွားမှာလည်းဖြစ်ပါတယ်။ 

ဆန်ခါတင်စာရင်းမှာတော့ ရော်နယ်ဒို၊ မက်ဆီ၊ ဘတ်ပီ၊ လီဝန်ဒေါစကီး၊ ဆာလာနဲ့ ဘန်ဇီမာတို့လို နာမည်ကျော်ကစားသမားတွေပါဝင်လာခဲ့ပြီး အပြိုင်အဆိုင်ဖြစ်နေကြပါတယ်။ ကမ္ဘာလုံးဆိုင်ရာ တဦးချင်းဆုအတွက် တန်ဖိုးအားဖြင့် သေးငယ်ပေမယ့် ဂုဏ်သိက္ခာအရတော့ ဒီဆုကလည်း ကစားသမားတွေ လိုချင်တဲ့ အမျိုးအစားထဲမှာ ပါဝင်နေတယ်လို့ သိရပါတယ်။ 

အားကစားလောကရဲ့ နာမည်ကျော်ပုဂ္ဂိုလ်တွေ၊ ဂန္ထဝင်ကစားသမားတွေနဲ့ လက်ရှိကစားနေဆဲကစားသမားတွေက ရွေးချယ်ပေးမှာဖြစ်ပြီး ဒူဘိုင်းမှာ နှစ်စဉ်ပေးအပ်နေတာလည်းဖြစ်ပါတယ်။ နောက်ဆုံးဆန်ခါတင်စာရင်းမှာ ကစားသမား ၆ ဦးသာ ကျန်ရှိတော့တာဖြစ်ပြီး ဘယ်သူကဆွတ်ခူးသွားမလဲဆိုတာ စိတ်ဝင်စားဖွယ်ဖြစ်နေကာ ၂၀၂၀ ခုနှစ်အတွက်တော့ လီဝန်ဒေါစကီးက ဆွတ်ခူးထားနိုင်ခဲ့တာဖြစ်ပါတယ်။ 

၂၀၁၀ ကမှ စတင်ပေးအပ်ခဲ့တဲ့ ဒီဆုကို ရော်နယ်ဒိုက ၆ ကြိမ်တိတိရရှိထားကာ အများဆုံးရသူအဖြစ်ရပ်တည်နေပြီး ၄ ကြိမ်က ဆက်တိုက်ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။ ဖယ်လ်ကာအို၊ ရီဘာရီ၊ မက်ဆီနဲ့ လီဝန်ဒေါစကီးတို့က တကြိမ်စီရရှိထားပြီး ရော်နယ်ဒိုလွှမ်းမိုးထားတဲ့ ဆုတခုလို့လည်း ဆိုရမှာဖြစ်ပါတယ်။ အမျိုးသားအကောင်းဆုံးဆုတွေအပြင် အမျိုးသမီးအကောင်းဆုံကစားသမားဆု၊ နည်းပြဆု၊ ကလပ်အသင်း၊ အေးဂျင့်တို့ကိုပါ ပေးအပ်နေတာဖြစ်ပါတယ်။ 

Share

က္က