ပရိသတ်ပေးတဲ့ အကောင်းဆုံးကစားသမားဆုသာရရှိခဲ့ပါတယ်။

နှစ်စဉ်ပေးအပ်နေကျ ဆုတခုဖြစ်တဲ့ Globe Soccer Award ဆုကို ဒီနှစ်မှာ ပီအက်စ်ဂျီတိုက်စစ်မှူးဘတ်ပီက ဆွတ်ခူးရရှိသွားခဲ့ပါတယ်။ စပိန်သတင်းစာ Marca က အဆိုပါဆုရဲ့ တရားဝင်သတင်းစာအဖြစ်တာဝန်ယူပြီး ပရိသတ်ငါးသန်းကျော် မဲပေးရွေးချယ်ခဲ့မှုကို ဆန်ခါတင်ပြန်လည်ရွေးချယ်ပြီးနောက် ပေးဆပ်ချီးမြှင့်လေ့ရှိတဲ့ ဆုလည်းဖြစ်ပါတယ်။ 

ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ မဲပေးရွေးချယ်မှုကို နောက်ဆုံးအဖြစ်သတ်မှတ်ခဲ့ပြီး မနေ့က ရွေးချယ်ပေးအပ်ခဲ့တာဖြစ်ပါတယ်။ ဒီနှစ်အတွက်ဆုကို ဘတ်ပီက လီဝန်ဒေါစကီးကို ကျော်ဖြတ်ပြီး ဆွတ်ခူးနိုင်ခဲ့လို့ အံ့အားသင့်စရာတော့ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် လီဝန်ဒေါစကီးက ပရိသတ်တွေရွေးချယ်တဲ့ အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ 

တနှစ်တာအကောင်းဆုံးကစားသမားဆု - ဘတ်ပီ

ပရိသတ်အကောင်းဆုံးကစားသမားဆု - လီဝန်ဒေါစကီး

ထိပ်တန်းဂိုးသွင်းရှင် - ရော်နယ်ဒို

အကောင်းဆုံးအမျိုးသားကလပ်အသင်း - ချယ်လ်ဆီး

အကောင်းဆုံးလက်ရွေးစင်အသင်း - အီတလီ

အကောင်းဆုံးဂိုးသမား - ဒွန်နာရမ်မာ

အကောင်းဆုံးနောက်ခံလူ - ဘိုနူချီ

အကောင်းဆုံးအေးဂျင့် - ဖီဒါရီကိုပက်စတိုရယ်လို တို့ ရရှိခဲ့ကြပါတယ်။ 

ဒီဆုကို အကြိမ်အများဆုံးအဖြစ်​ ရော်နယ်ဒိုက ၆ ကြိမ် ရရှိထားပြီး ရီဘာရီ၊ မက်ဆီ၊ လီဝန်ဒေါစကီးနဲ့ အခုအခါ ဘတ်ပီက ရရှိခဲ့လို့ စုစုပေါင်းမှ ကစားသမား ၅ ဦးတည်းသာ ဆုချီးမြှင့်တဲ့ သက်တမ်း ၁၂ နှစ်အတွင်း ရရှိထားခဲ့တာဖြစ်ပါတယ်။ ဆုလက်ခံရယူပြီးနောက် ဘတ်ပီက သူ့အနေနဲ့ ဘယ်တော့မှ နောက်ပြန်လှည့်ကြည့်မှာမဟုတ်ဘဲ အောင်မြင်မှုတွေကို ဆက်လက်ထိန်းသိမ်းသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ 

Share

က္က