ကျပ်သိန်း ၆၃၀ လာဘ်စားခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ဂွမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနဲ့ စာရင်းအင်းဦးစီးဌာနက မြို့နယ်ဦးစီးမှူး ဦးမင်းမင်းဇော် အပါအဝင် လက်ထောက်ဦးစီးမှူး၊ မြေတိုင်းစာရေးနဲ့ ဦးစီးမှူးအငြိမ်းစားတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူလိုက်တယ်လို့အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။

ဂွမြို့နယ်၊ ကင်းပုံကျေးရွာအုပ်စု၊ ကမ်းသာယာကျေးရွာရှိ ကွင်း အမှတ်(၂၈၆)၊ သာခွေးချိုင်ကွင်း ဦးပိုင်အမှတ်(N-3)၊ လုပ်ပိုင်ခွင့်ဧရိယာ (၁.၈၀)ဧက အား တိုင်းတာရောင်းချရာမှာ (၂.၄၃)ဧကအထိ တိုင်းတာပေးပြီး ပိုလျှံတဲ့ (ဝ.၆၃)ဧကအတွက် ကြားပွဲစားက တဆင့် ဂွမြို့နယ် မြေစာရင်းဦးစီးဌာန လက်ထောက် ဦးစီးမှူ း ဦးမောင်မောင်လွင်နဲ့ မြေတိုင်း(၄) ဦးကျော်နိုင်ထွန်းတို့ကို ငွေကျပ် သိန်း ၆၃၀ ပေးခဲ့ရခြင်းအပေါ် အရေးယူပေးပါဖို့တိုင်ကြားစာအတိုင်းစုံစမ်းစစ်ဆေးရာမှာ ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီမြေနဲ့ပတ်သက်ပြီးမြေစာရင်းပုံစံ(၁၀၅)နဲ့ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)ကို ၂၀၁၈ ခုနှစ်အတွင်း အသစ် ထပ်မံထုတ်ပေးရာမှာလုပ်ထုံးလုပ်နည်းတွေနဲ့အညီဆောင်ရွက်ခဲ့ခြင်းမရှိဘဲ ရာထူးတာဝန်အရ ပေးအပ်ထားသော လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုပြီးငွေကြေးတောင်းခံခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ဒါကြောင့်သူတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရလည်းကောင်း၊ မြို့နယ်ဦးစီးမှူး(အငြိမ်းစား) ဦးဦးကျော်ဝင်းအပေါ် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/၆၃ အရလည်းကောင်း ရခိုင်ပြည်နယ်၊ ဂွမြို့မ ရဲစခန်းတွင် ဇန်နဝါရီလ ၈ ရက်နေ့က ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်ပြီး တရားစွဲဆိုအရေးယူနိုင်ရေး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က