Level (2) အဆင့် မီးလောင်မှုတစ်ခုပါဝင်ပါတယ်။

မီးလောင်မှုဖြစ်ပွားခဲ့တဲ့ (၅)နေရာထဲကမှ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ကွန်တိန်နာဝန်းအတွင်းမှာဖြစ်ပွားခဲ့တဲ့ မီးလောင်မှုကိုတော့ Level (2) အဆင့်နဲ့ မီးငြှိမ်းသတ်ခဲ့ရတာဖြစ်ပါတယ်။ 


ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ဒီကနေ့ ဖေဖော်ဝါရီလ(၄)ရက်နေ့က ဂမုန်းပွင့်ကုန်တိုက်မီးလန့်မှုဖြစ်ပွားခဲ့သလို တစ်ရက်တည်းမှာ မီးလောင်မှု (၅)နေရာဖြစ်ပွားခဲ့ ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

အဆိုပါမီးလောင်မှုဖြစ်ပွားခဲ့တဲ့ (၅)နေရာထဲကမှ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ကွန်တိန်နာဝန်းအတွင်းမှာဖြစ်ပွားခဲ့တဲ့ မီးလောင်မှုကိုတော့ Level (2) အဆင့်နဲ့ မီးငြှိမ်းသတ်ခဲ့ရတာဖြစ်ပါတယ်။

ဂမုန်းပွင့်ကုန်တိုက်မီးသတင်းကိုတော့ နေ့လယ် (၂)နာရီဝန်းကျင်မှာ မီးသတင်းရရှိမှုကြောင့် မီးသတ်ယာဉ်(၃)စီးနဲ့ မီးငြှိမ်းသတ်ရန်ထွက်ခွာခဲ့ပြီး ရောက်ရှိတဲ့အခါမှာ မီးလန့်မှုသာဖြစ်တယ်လို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒဂုံဆိပ်ကမ်းမြို့နယ် ကျန်စစ်သားလမ်းက အမှိုက်ပုံမီးလောင်မှု၊ မြောက်ဥက္ကလာပမြို့နယ် ရတနာကျွန်းလမ်းထိပ် မီးလောင်မှုနဲ့ ရန်ကင်းမြို့ စိန်ပန်းမြိုင်လမ်းမှာဖြစ်ပွားခဲ့တဲ့ မီးလောင်မှုတွေအပါအဝင် ရန်ကုန်မှာ ဒီကနေ့ ဖေဖော်ဝါရီ(၄)ရက်နေ့ တစ်ရက်တည်းမှာပဲ မီးလောင်မှု(၅)နေရာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ Level (2) အဆင့်နဲ့ ငြှိမ်းသတ်ခဲ့ရတဲ့ ကွန်တိန်နာဝန်းအတွင်းက မီးလောင်မှုကလည်း မြက်ခြောက်တွေမီးလောင်ခဲ့တာဖြစ်လို့ လူနေအိမ်နဲ့ ပစ္စည်း ဆုံးရှုံးခဲ့မှုမရှိကြောင်း မီးသတ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။ 


Share

Loading Next Article...
က္က