လူစားဝင်ကစားရမယ့်အချိန်မှာ ကြန့်ကြာနေခဲ့တာပါ။

မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာဟာ အရန်ခုံမှာ ထိုင်နေရတဲ့ ကစားသမားတွေဆီက မျှော်လင့်ထားတဲ့ စံနှုန်းနဲ့ပတ်သက်ပြီး သတိပေးပြောဆိုမှုတွေ ပြုလုပ်ခဲ့တယ်လို့ Manchester Evening News ရဲ့သတင်းအရ သိရပါတယ်။

ဂွါဒီယိုလာဟာ အင်္ဂါနေ့ညက ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ အတ္တလန်တာအသင်းနဲ့ ပွဲစဉ်မှာ ဒဏ်ရာရရှိသွားတဲ့ ရိုဒရီရဲ့နေရာမှာ လူစားလဲလှယ်ရမယ့် ဂျွန်စတုန်းက အရန်ခုံမှာ အချိန်ဖြုန်းနေတာကြောင့် ဒေါသထွက်နေခဲ့တာကို ရုပ်သံကင်မရာက ရိုက်ကူးနိုင်ခဲ့ပါတယ်။

အချို့ကလည်း ယင်းဖြစ်စဉ်ကို အရေးမကြီးဟန် ပြောဆိုမှုတွေ ပြုလုပ်ခဲ့ကြပေမယ့် ဂွါဒီယိုလာက အက်စ်တွန်ဗီလာနဲ့ ပွဲစဉ်မတိုင်မီမှာ ယင်းဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေါသထွက်နေတာကို ဖုံးကွယ်ဖို့ မကြိုးပမ်းခဲ့ဘဲ အရန်ခုံက ကစားသမားတွေအနေနဲ့ ဝင်ကစားဖို့ အဆင်သင့်ဖြစ်နေရမယ်လို့ သတိပေးပြောကြားခဲ့ပါတယ်။

“ခင်ဗျား အဲဒီပုံကို မြင်ခဲ့တယ်မဟုတ်လား။ အဲဒါက သူ့ဘာသာသူ စကားပြောသွားပါတယ်”



“အရန်ခုံမှာ ရှိနေတဲ့သူတွေ သိရမှာက ပွဲစစချင်းပထမမိနစ်ကနေ ပွဲပြီးတဲ့အထိ လူစားဝင်ကစားဖို့ အဆင်သင့်ဖြစ်နေရမယ်ဆိုတာပဲ။ တခါတရံမှာ ရှပ်နဲ့ အခြားပြဿနာလေးတွေတော့ ရှိတာပေါ့”လို့ ပြောကြားခဲ့ပါတယ်။

ဂွါဒီယိုလာက အသင်းလူစာရင်းမှာ ဒဏ်ရာပြဿနာတွေနဲ့ ဆက်လက်ရုန်းကန်နေရချိန်မှာ ဂျွန်စတုန်းအနေနဲ့ ၎င်းရဲ့ ကြံ့ခိုင်မှုနဲ့ ပုံစံကောင်းကို တည်ဆောက်ပြီး သက်သေပြသနိုင်မယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။ အိုတာမန်ဒီကလည်း ခရစ်စတယ်ပဲလေ့စ်နဲ့ပွဲစဉ်ကို လွဲချော်ခဲ့ပြီး နေရာပြောင်းလဲကစားပေးခဲ့တဲ့ ရိုဒရီပါ ထပ်မံဒဏ်ရာရရှိသွားခဲ့တာကြောင့် နိုင်ငံတကာပွဲစဉ်အားလပ်ရက်ပြီးဆုံးချိန်မတိုင်မီအထိ အနားယူရမယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က