ဇီဒန်းဟာ ပြင်သစ်လက်ရွေးစင်အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အာဂျင်တီးနားကို ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြသစ်ဖြစ်လာဖို့ ရေပန်းစားနေခဲ့သူဖြစ်ပါတယ်။

ခီလီယမ် အမ်ဘာပေဟာ ပြင်သစ်ဂန္တဝင်ကွင်းလယ်ကစားသမား ဇီဒန်းကို ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌက အံ့အားသင့်ဖွယ် လေးစားမှုကင်းမဲ့တဲ့ မှတ်ချက်မျိုးပေးခဲ့ပြီးတဲ့နောက် ရီးရဲလ်မက်ဒရစ်နည်းပြဟောင်းဘက်ကနေ ရပ်တည်ကာကွယ်ပေးခဲ့ပါတယ်။

ပြင်သစ်နဲ့ ၁၉၉၈ မှာကမ္ဘာ့ဖလားရရှိခဲ့တဲ့ ဂန္တဝင်ကွင်းလယ်ကစားသမား ဇီဒန်းဟာ ပြင်သစ်လက်ရွေးစင်အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အာဂျင်တီးနားကို ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြသစ်ဖြစ်လာဖို့ ရေပန်းစားနေခဲ့သူဖြစ်ပါတယ်။ ဇီဒန်းရဲ့အသင်းဖော်ဟောင်းဖြစ်တဲ့ ဒက်စ်ချမ့်ဟာ ဆယ်စုနှစ်တစ်ခုကြာ ပြင်သစ် လက်ရွေးစင်အသင်းကို တာဝန်ယူကိုင်တွယ်ခဲ့သူဖြစ်ပြီး အဓိကဆုဖလားပြိုင်ပွဲတွေရဲ့ ဗိုလ်လုပွဲကို ၄ ကြိမ်အထိ ပို့ဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ဒက်စ်ချမ့်ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားဖြစ်ခဲ့ပုံပေါ်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်နည်းပြဟောင်း ဇီဒန်းက လက်ရွေးစင်နည်းပြဖြစ်လာဖို့ ဥရောပထိပ်သီးအသင်းကြီးတွေကို ငြင်းပယ်ပြီး စောင့်ဆိုင်းခဲ့ပေမယ့်လည်း လက်ရှိမှာတော့ ၂၀၂၆ ခုနှစ်အထိ စာချုပ်သစ် ချုပ်ဆိုခဲ့ပြီးနောက် လက်ရွေးစင်အသင်းနဲ့ ဆက်ရှိနေဖွယ်ရှိနေတာဖြစ်ပါတယ်။ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ နိုအဲလ် လီဂရက်က ဂန္တဝင်ကွင်းလယ်ကစားသမား ဇီဒန်းနဲ့ပတ်သက်ပြီး RMC Sport နဲ့ အင်တာဗျူးအတွင်း မယုံနိုင်ဖွယ် ဖွင့်ဟပြောဆိုမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး ပြင်သစ်ကွင်းလယ်ကြယ်ပွင့်ဟောင်းက ဖုန်းခေါ်ရင်တောင်ကိုင်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

"ဇီဒန်းက ဘရာဇီးလ်ကို နည်းပြမှာလား။ ကျွန်တော် လုံးဝကို ဂရုစိုက်မှာမဟုတ်ပါဘူး။ သူ သွားချင်တဲ့ကလပ်အသင်း ဒါမှမဟုတ် လက်ရွေးစင်အသင်းကို သွားလို့ရနိုင်ပါတယ်။ ကျွန်တော်တကယ်ကို ဂရုမစိုက်ပါဘူး။ သူ ကျွန်တော့်ကို ဖုန်းခေါ်ဖို့ ကြိုးစားခဲ့လားဆိုရင် လုံးဝ မကြိုးစားခဲ့ပါဘူး။ ကျွန်တော် သူ့ဖုန်းကို ကိုင်တောင် ကိုင်မှာလည်း မဟုတ်ပါဘူး"လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ အဲဒီမှတ်ချက်က ပြင်သစ်ကြယ်ပွင့်တိုက်စစ်မှူး ခီလီယန် အမ်ဘာပေအတွက် မပျော်မရွှင်ဖြစ်စရာ ဖြစ်ခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီတိုက်စစ်မှူးက ပြင်သစ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ လီဂရက်အနေနဲ့ ဇီဒန်းလိုမျိုး ဂန္တဝင် ကစားသမားကို မလေးမစားလုပ်လို့ မရနိုင်ဘူးလို့ သတိပေးခဲ့တာဖြစ်ပါတယ်။



"ဇီဒန်းက ပြင်သစ်သားပါ။ ကျွန်တော်တို့ ဂန္တဝင်တွေကို ဒီလိုမျိုး မလေးမစားလုပ်လို့မရပါဘူး"လို့ အမ်ဘာပေက မျက်နှာကို လက်နဲ့အုပ်ထားတဲ့ ရုပ်ပုံနဲ့အတူ တွစ်တာမှာ တုံ့ပြန်ရေးသားခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က