ရော်နယ်ဒိုအတွက် စိတ်ပျက်စရာကောင်းခဲ့ပါတယ်။

IFFHS က ထုတ်ပြန်လိုက်တဲ့ တစ်နှစ်တာ အကောင်းဆုံး အသင်းစာရင်းမှာ အယ်လ်နာဆာတိုက်စစ်မှူး ရော်နယ်ဒို မပါဝင်ခဲ့ပြန်ကြောင်း သိရှိရပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ (၂၀၂၃) ခုနှစ်ရဲ့ ဂိုးသွင်းအကောင်းဆုံး ကစားသမားလည်း ဖြစ်ခဲ့တာပါ။



အဆိုပါ ပေါ်တူဂီလက်ရွေးစင် အသင်းခေါင်းဆောင်ကြီးဟာ (၂၀၂၃) ခုနှစ်အတွင်း (၅၉) ပွဲကစား၊ (၅၄) ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒါဟာ လက်ရှိကစားနေတဲ့ ကစားသမားတွေထဲမှာ အများဆုံးဖြစ်ခဲ့ပြီး ရော်နယ်ဒိုက (၂၀၂၃) ခုနှစ်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ်လည်း သတ်မှတ်ခံခဲ့ရတာပါ။

ဒါပေမယ့် IFFHS က ထုတ်ပြန်တဲ့ အကောင်းဆုံး ကစားသမား (၁၀) ယောက်စာရင်းမှာ မပါဝင်ခဲ့တဲ့ ရော်နယ်ဒိုဟာ အခု အကောင်းဆုံးအသင်း (၁၁) ယောက်ကို ထုတ်ပြန်ချိန်မှာလည်း ချန်လှပ်ခံခဲ့ရပြန်ပါတယ်။ ဒီအသင်းမှာတော့ ဟာလန်း၊ ဟယ်ရီကိန်း၊ အမ်ဘာပေတို့ ပါဝင်ခဲ့ပါတယ်။

ကွင်းလယ်မှာတော့ မက်ဆီက မန်စိးတီးကစားသမားတွေဖြစ်တဲ့ ရိုဒရီ၊​ဒီဘရိုင်း၊ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ဘယ်လင်ဟမ်တို့နဲ့အတူ ပါဝင်လာခဲ့ပါတယ်။ နောက်ခံလူတွေအဖြစ် ရူဘင်ဒီယက်စ်၊ ကင်မင်ဂျေး၊ အယ်လ်ဖွန်ဆိုဒေးဗီးစ်တို့ ပါဝင်ခဲ့ပြီး ဂိုးသမားနေရာမှာ အယ်လစ်ဆန်က ပါဝင်လာပါတယ်။

ဒီထုတ်ပြန်ချက်က ရော်နယ်ဒိုအတွက်တော့ နောက်ထပ် ခံပြင်းစရာဖြစ်ခဲ့ပါတယ်။ (၂၀၂၃) ခုနှစ်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမားတစ်ယောက်က (၂၀၂၃) ခုနှစ်ရဲ့ အကောင်းဆုံး (၁၁) ယောက်စာရင်းမှာ မပါဝင်ခဲ့တဲ့အပေါ်မှာလည်း ရော်နယ်ဒိုရဲ့ ပရိသတ်တွေက ပြစ်တင်ဝေဖန်နေကြပါတယ်။

Share

Loading Next Article...
က္က