အာဂျင်တီးနားကြယ်ပွင့်ကို ၎င်းရဲ့ ဘဝသက်တမ်းမှာ တသက်တာအကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်က ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားက အနိုင်ရ ဗိုလ်စွဲခဲ့ပြီးနောက်ပိုင်း လီယွန်နယ် မက်ဆီကို တသက်တာအကောင်းဆုံးကစားသမား(GOAT)လို့ သတ်မှတ်ခဲ့ပါတယ်။

ဘောလုံးသမိုင်းမှာ တသက်တာအကောင်းဆုံးကစားသမားက လီယွန်နယ် မက်ဆီလား၊ ခရစ္စတီယာနို ရော်နယ်လ်ဒိုလားဆိုတဲ့ အငြင်းအခုံဟာ အာဂျင်တီးနားက တတိယအကြိမ်မြောက် ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့ပြီးနောက် အဆုံးအဖြတ် ထွက်ပေါ်ခဲ့ပြီဖြစ်ပါတယ်။ အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လီယွန်နယ် မက်ဆီဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သွင်းဂိုး ၇ ဂိုးနဲ့အတူ အာဂျင်တီးနားလက်ရွေးစင်အသင်းကို နိုင်ပွဲ ရရှိအောင် စွမ်းဆောင်ရည်ပေးနိုင်ခဲ့ပြီး ရွှေဖိနပ်ဆုကို တစ်ဂိုးလျော့နဲ့ အမ်ဘာပေကို ပေးခဲ့ရတာဖြစ်ပါတယ်။ 

ဘလွန်ဒေါ ၇ ဆုရှင် လီယွန်နယ် မက်ဆီဟာ ကစားသးမားဘဝတလျှောက် ပထမဆုံးကမ္ဘာ့ဖလားကြီးကို ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပြီး လက်ရွေးစင်ကစားသမားဘဝ နောက်ဆုံးအခွင့်အရေးအဖြစ် ကြိုးပမ်းမှုမှာ အောင်မြင်သွားခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်လ်ဒိုကလည်း ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲကို လက်ရွေးစင်ကစားသမားဘဝ နောက်ဆုံးပြိုင်ပွဲအဖြစ် ပါဝင်ကစားပေးခဲ့တာဖြစ်ပြီး ကွာတားဖိုင်နယ်အဆင့်မှာ မော်ရိုကိုအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် ပေါ်တူဂီအသင်းက စောစောစီးစီးပဲ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။

အဲဒါကြောင့် ဘလွန်ဒေါ ၅ ဆုရှင် ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ကစားသမားဘဝကို ဘောလုံးလောကရဲ့ အကြီးကျယ်အခမ်းနားဆုံး နိုင်ငံတကာဆုကြီးအနိုင်မရရှိဘဲ အဆုံးသတ်ရတော့မှာ ဖြစ်ပါတယ်။ လီဗာပူးလ်နည်းပြ ကလော့ပ်က ကမ္ဘာ့ဖလား ရရှိခဲ့တဲ့ မက်ဆီအတွက် ဝမ်းမြောက်ပျော်ရွှင်မှုကို ထုတ်ဖော်ပြောဆိုခဲ့ပြီး အာဂျင်တီးနားကြယ်ပွင့်ကို ၎င်းရဲ့ ဘဝသက်တမ်းမှာ တသက်တာအကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

"အာဂျင်တီးနားက ကမ္ဘာ့ဖလားနဲ့ ထိုက်တန်ခဲ့ပါတယ်။ ခင်ဗျား ဒီအသင်းအောင်ပွဲခံနေတာကို မြင်တွေ့ခဲ့တဲ့အချိန်မှာ ခက်ခဲတဲ့အချိန်တွေမှာ သင့်တော်တဲ့နိုင်ငံက အနိုင်ရသွားတာဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ကျွန်တော် သူတို့အတွက် တကယ်ကို ပျော်ရွှင်မိပါတယ်။ သူတို့တွေ အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ရတာပါ။ လီယွန်နယ် မက်ဆီက ကျွန်တော့် ဘဝတသက်တာမှာ အကြီးကျယ်ဆုံးဘောလုံးသမားပါ။ သူ ဒီအသက်အရွယ်မှာ ဘောလုံးကစားနေတဲ့ ပုံစံက ထိပ်တန်းအဆင့်မှာ ဘောလုံးသမားတွေက ဘယ်လောက်ကြာကြာစွမ်းဆောင်နိုင်လဲဆိုတာ ကျွန်တော်တို့အားလုံးကို သဲလွန်စပေးခဲ့တာပါ။ ကျွန်တော်တို့ စာအုပ်ကို အစောကြီး မပိတ်သင့်ပါဘူး။ သူ ကစားတာကြည့်ရတာ ပျော်ရွှင်စရာပါပဲ"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က