မာရာဒိုနာက ဘောလုံးသမိုင်းမှာ ဘရာဇီးလ်ဂန္တဝင် ပီလီနဲ့အတူ တသက်တာအကောင်းဆုံးကစာသးမားဖြစ်တယ်လို့ ယူဆထားတာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ကို အခြား ဘောလုံးလောကရဲ့တသက်တာအကောင်းဆုံးကစားသမားတွေဖြစ်တဲ့ ဘရာဇီးလ်ဂန္တဝင် ပီလီ၊ အာဂျင်တီနားဂန္တဝင် မာရာဒိုနာတို့နဲ့ နှိုင်းယှဉ်မှုတွေ ပြုလုပ်တာ အထူးအဆန်းမဟုတ်တော့တာဖြစ်ပြီး ပေါ်တူဂီဂန္တဝင်နည်းပြ ဂျော့ဂျ် ဂျေဆူးစ်က ကာလရှည် အငြင်းပွားခဲ့တဲ့ GOAT အငြင်းအခုံကို ပုံမှန်မဟုတ်တဲ့ရှုထောင့်ကနေ ချဉ်းကပ်ခဲ့ပါတယ်။

ဘင်ဖီကာနည်းပြဟောင်း ဂျော့ဂျ် ဂျေဆူးစ်က ကာလရှည် ရှိနေတဲ့ အငြင်းအခုံကို သာမန် မဟုတ်တဲ့ ချဉ်းကပ်မှု ပြုလုပ်ခဲ့တာဖြစ်ပြီး The Sun က ပေါ်တူဂီလူမျိုးနည်းပြ ပြောဆိုခဲ့တဲ့ မှတ်ချက်ဟောင်းကို ပြန်လည်ဖော်ပြခဲ့ရာမှာ ရော်နယ်လ်ဒိုရဲ့ စိတ်ဆန္ဒပြင်းပြမှုကြောင့် မက်ဆီထက်တောင် မာရာဒိုနာနဲ့ ပိုမိုနီးစပ်သူဖြစ်တယ်လို့ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ ဂျော့ဂျ် ဂျေဆူးစ်က အာဂျင်တီးနားအတွက် ၁၉၈၆ ကမ္ဘာ့ဖလားကို ရယူပေးခဲ့တဲ့ မာရာဒိုနာက ဘောလုံးသမိုင်းမှာ ဘရာဇီးလ်ဂန္တဝင် ပီလီနဲ့အတူ တသက်တာအကောင်းဆုံးကစာသးမားဖြစ်တယ်လို့ ယူဆထားတာဖြစ်ပါတယ်။

"မာရာဒိုနာက ပီလီနဲ့အတူ တသက်တာအကောင်းဆုံးကစားသမားဖြစ်ခဲ့တယ်။ ပီလီက အခု ရှိသေးတယ်။ သူ သက်ရှိထင်ရှားရှိနေဆဲပဲ(ဒီအင်တာဗျူးကို ၂၀၂၂ ဒီဇင်ဘာလ ပီလီ မကွယ်လွန်မီမှာ ပြုလုပ်ခဲ့တာဖြစ်)။ မာရာဒိုက ပိုပြီးတော့ ကောင်းမွန်ခဲ့တယ်။ သူက ပါရမီရှင်ဖြစ်နေတာကြောင့်တင်မဟုတ်ဘဲ အဲဒါကို ပြသခဲ့တဲ့ ပုံစံကြောင့်လည်း ပါပါတယ်။ ကျွန်တော့်အတွက်တော့ အဲဒါက ကွဲပြားခြားနားမှုတွေကို ပြုလုပ်ပေးတယ်။ သူက လုံးဝကို ကမ္ဘာ့အဆင့်ဖြစ်ခဲ့ပေမယ့် ပြိုင်ပွဲအတွက် သူ့မှာ စိတ်ဆန္ဒပြင်းပြမှုရှိခဲ့တယ်။ သူက ဘောလုံးသမားဖြစ်ဖို့ မွေးလာခဲ့တာပါ။ သူက အရာအားလုံးနဲ့အတူ မွေးဖွားလာခဲ့တာပါ"

"အဲဒါက လုပ်ယူပြီး ရလာတဲ့အရာမဟုတ်ပါဘူး။ သူက အဲဒီလိုဖြစ်ဖို့ မွေးလာခဲ့တာပါ။ ဒါပေမယ့် သူက ဘောလုံးကို ပိုင်ဆိုင်ထားတာကို ချစ်မြတ်နိုးနေဆဲပါ။ ဒီနေ့ ကမ္ဘာပေါ်က အကောင်းဆုံးတွေထဲက ၂ ဦးဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုမှာ အဲဒါမျိုး နည်းနည်းရှိပါတယ်။ မက်ဆီမှာတော့ ဘာမှမရှိပါဘူး။ သူက ဘယ်လို စိတ်ဆန္ဒပြင်းပြမှုမျိုးမှ မရှိပါဘူး။ မက်ဆီက အရမ်းကောင်းတဲ့ကစားသမားပါ။ ဒါပေမယ့် ကျွန်တော်တို့ ဘဝနဲ့ ခံစားချက်တွေအကြောင်း ပြောနေတာပါ။ ပြိုင်ပွဲအတွက်နဲ့ ဘောလုံးအတွက် စိတ်ဆန္ဒရှိမှုကို ပြောနေတာပါ။ ကျွန်တော်ထင်တာက မာရာဒိုနာက အဲဒီအပိုင်းနဲ့ပတ်သက်လာရင် အားလုံးရဲ့အထက်မှာ ရှိနေပါတယ်"လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။


Share

Loading Next Article...
က္က