အသင်းဖော်ကို ချိးကျူးပြောဆိုခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်နောက်ခံလူဒီအိုဂိုဒါလော့က သူတို့အသင်းမှာ ရော်နယ်ဒို ပါဝင်ကစားရင် ပိုပြီးကောင်းမွန်လာတယ်လို့ ဖွင့်ဟလိုက်ပါတယ်။ ရော်နယ်ဒိုကတော့ စပါးနဲ့ပွဲမှာ လူစားဝင်ကစားဖို့ ငြင်းဆန်ခဲ့ပြီးနောက် ချယ်လ်ဆီးနဲ့ပွဲအတွက် ချန်လှပ်ခံခဲ့ရပြီး ရှာရစ်ဖ်နဲ့ ယူရိုပါလိဂ်ပွဲမှာမှ ပွဲထွက်ခွင့်ပြန်ခဲ့ကာ တဂိုးသွင်းယူနိုင်ခဲ့သူဖြစ်ပါတယ်။ 

အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးက ရှာရစ်ဖ်နဲ့ပွဲမှာ ကစားကွက်ကတဆင့် ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဒီရာသီ သူ့ရဲ့ ပထမဆုံးအိမ်ကွင်းသွင်းဂိုးကို ရရှိခဲ့တာပါ။ ဒီလို ဂိုးသွင်းယူနိုင်ခဲ့တဲ့အပြင် ရက်ရှ်ဖို့ဒ်နဲ့ ရော်နယ်ဒိုတို့ရဲ့ တိုက်စစ်အတွဲခြေစွမ်းကို တန်ဟက်ဂျ်က လေ့လာစောင့်ကြည့်ခဲ့တယ်လို့သိရပြီး ပေါ်တူဂီသားကို အခုထက်ပိုပြီးတော့ နေရာပေးလာဖွယ်ရာရှိနေပါတယ်။ 

ဒီအချိန်မှာပဲ ဒါလော့က "ရော်နယ်ဒို ရှိနေတဲ့အတွက် ကျနော်တို့အရမ်းပျော်ရွှင်နေတာပါ၊ မနေ့ကဆို သူ တဂိုးသွင်းခဲ့တယ်၊ ဒါက သူ နှစ်ပေါင်း ၂၀ လုံးလုံးလုပ်ပြခဲ့တာတွေဖြစ်ပြီး ကွင်းထဲမှာ သူ ရှိနေချိန်တိုင်းမှာ ကူညီပေးနေတာပါ၊ သူပါဝင်ကစားတဲ့အချိန်ဆိုရင် အသင်းက ပိုပြီးတော့ ကောင်းလာတယ်၊ သူ ဒီမှာရှိနေရုံနဲ့ကို ကျနော်တို့ ပျော်ရွှင်နေတာပါ" လို့ Sky Sports က တဆင့် ပြောဆိုခဲ့ပါတယ်။ 

ဒါ့အပြင် အန်တိုနီရဲ့ လှည့်ကွက်ဆန်းနဲ့ပတ်သက်ပြီးတော့ ဒါလော့က အခုလိုပြောခဲ့ပါတယ်။ "သူက နည်းနည်းလေး ဖျော်ဖြေပေးချင်ခဲ့တာပါ၊ သူ့ရဲ့ ပွဲပါ၊ ဒါက သူ့ရဲ့ ကစားပုံတစိတ်တပိုင်းလို့ ကျနော်ထင်တယ်၊ ကျနော့်အတွက်တော့ သူ အချိန်နည်းနည်းလေး ထပ်ယူရဦးမှာပါ၊ သူ ဘောလုံးရချိန်တွေမှာလည်း ပြေးလွှားပုံနဲ့အတူ နေရာလွတ်တွေရအောင် သူ လုပ်ပေးရင် ပိုကောင်းမှာပါ၊ သူ ရှိနေတာလည်း ကျနော်တို့အတွက် ကျေနပ်စရာကောင်းပါတယ်" လို့ ပြောဆိုသွားခဲ့ပါတယ်။ 


ယူနိုက်တက်ကတော့ ဒီတပတ်မှာ ပရီးမီးယားလိဂ်ပွဲအဖြစ် ဝက်စ်ဟမ်းယူနိုက်တက်ကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က