မက်ဆီကတော့ သူ့ကို လူချခဲ့တဲ့ပြိုင်ဘက်နဲ့ ငြိမလိုဖြစ်ခဲ့တာပါ။

မနေ့က ကစားခဲ့တဲ့ အင်တာမိုင်ယာမီနဲ့ အော်လန်ဒိုစီးတီးတို့ရဲ့ပွဲစဉ်မှာ မက်ဆီက ခြေစွမ်းပြ ဂိုးသွင်းနိုင်ခဲ့တဲ့အပြင် ပထမပိုင်းအပြီးမှာလည်း ပြိုင်ဘက်ကစားသမားနဲ့ ပြဿနာတက်ခဲ့ပါသေးတယ်။ ဒီပွဲမှာ ဂိုးသွင်းနိုင်ခဲ့တာကြောင့် မက်ဆီအတွက် မေဂျာလိဂ် ကစားသမားဘဝ အဖွင့်ပွဲ (၃) ပွဲ ဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။



မက်ဆီတစ်ယောက် ဒီလိုမျိုး ဂိုးသွင်းခြေစွမ်းပြခဲ့သည့်တိုင် ပထမပိုင်းအပြီး အဝတ်လဲခန်းထဲသွားရာလမ်းမှာတော့ ပြိုင်ဘက်ကစားသမားနဲ့ စကားများခဲ့တာကို ပရိသတ်တွေ မြင်တွေ့ခဲ့ရပါတယ်။ မက်ဆီဟာ အော်လန်ဒိုစီးတီးရဲ့ ကစားသမားတစ်ယောက်နဲ့ အချင်းများနေခဲ့တာကို ရုပ်သံမှတ်တမ်းတွေမှာလည်း မြင်တွေ့ခဲ့ရပါတယ်။


ဒါပေမယ့် သူတို့နှစ်ယောက်ကို အသင်းဖော်တွေက ဝင်ရောက်ဖျန်ဖြေပေးခဲ့ရပြီး ပြဿနာကြီးကြီးမားမားမဖြစ်ဘဲ အဆုံးသတ်ခဲ့ပါတယ်။ ဗီဒီယိုပုံရိပ်တွေအရ မက်ဆီနဲ့ အချင်းများနေတဲ့ ကစားသမားက ပြိုင်ဘက် အော်လန်ဒိုစီးတီးရဲ့ ကစားသမား အရူဂျိုပဲဖြစ်ပါတယ်။


သူတို့နှစ်ယောက်ဟာ ပထမပိုင်းပွဲကစားချိန်အတွင်း ဘောလုံးယှဉ်လုရင်း အပြန်အလှန် ကစားပုံကြမ်းတမ်းခဲ့ကြပါတယ်။ အရူဂျိုဟာ မက်ဆီထံက ဘောလုံးလုယူဖို့ ကြိုးစားရင်း လဲကျသွားခဲ့သလို အဲ့ဒီနောက်မှာ ချက်ချင်းဆိုသလို ပြန်ထပြီး မက်ဆီကို ပြစ်ဒဏ်ဘော ပြန်လည်ကျူးလွန်ခဲ့ပါတယ်။

အဲ့ဒီဖြစ်ရပ်တွေမှာကတည်းက နှစ်ယောက်အကြား တင်းမာမှုတွေက အစပြုခဲ့ပြီး ပထမပိုင်းအပြီးမှာတော့ အဝတ်လဲခန်းထဲသွားရင်း စကားများခဲ့ကြတာဖြစ်ပါတယ်။ ပရိသတ်တွေကတော့ မေဂျာလိဂ်ပွဲစဉ်တွေမှာ မက်ဆီရဲ့ စိတ်နှစ်ပြီးကစားဟန်ကို သဘောကျနှစ်သက်နေပြီး မက်ဆီက ကမ္ဘာ့ဖလားတုန်းကလို စိတ်ဓာတ်မျိုးနဲ့ ကစားနေဆဲလို့ ချီးကျူးနေကြပါတယ်။ 

Share

Loading Next Article...
က္က