PSG တို့ အဝေးကွင်းမှာ နိုင်ပွဲရဖို့ တော်တော်လေး ရုန်းလိုက်ရတာပါ။

မက်ဆီ၊ နေမာ၊ ဘတ်ပီတို့ ပါလာတယ်။ ခံစစ်မှာ ရာမို့စ် ပထမဆုံးအကြိမ်ပါဝင်ကစားခဲ့ပြီး ဒီမာရီယာက တိုက်စစ်ကို ပံ့ပိုးပေးဖို့အတွက် ရှိနေခဲ့ပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီတို့ စိန့်အက်တီယန်ကွင်းမှာ ရုန်းကန်ခဲ့ရပြီး နောက်ကလိုက်ကစားခဲ့ရပါတယ်။



နေမာရဲ့ သွင်းဂိုးပယ်ဖျက်ခံခဲ့ရပြီးနောက် စိန့်အက်တီယန်က ဦးဆောင်ဂိုးကို အရင်သွင်းခဲ့တာပါ။ 

ဒီဂိုးကို မာကွင်ဟို့စ်ချေပပေးခဲ့ပြီး ပထမပိုင်းပြီးခါနီးမှာ စိန့်အက်တီယန်ဂိုးသမားအနီကတ်နဲ့အထုတ်ခံခဲ့ရပြီး ပီအက်စ်ဂျီတို့ တယောက်အသာစီးရသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒုတိယပိုင်းတပိုင်းလုံးမှာ မက်ဆီတို့တသိုက် အသည်းအသန်ကြိုးစားရုန်းကန်ခဲ့ရပြီး ဂိုးရဖို့ခက်ခဲနေခဲ့သလို စိန့်အက်တီယန်ရဲ့ တန်ပြန်တိုက်စစ်တချို့ကြောင့် မျက်လုံးပြူးမျက်ဆံပြူးတောင် ဖြစ်ခဲ့ရပါသေးတယ်။ 

ကံကောင်းခဲ့တာကတော့ မိနစ် ၈၀ မှာ မက်ဆီရဲ့ ပေးပို့မှုကနေ ဒီမာရီယာက ဂိုးသမားနဲ့အနီးကပ်အနေအထားကနေ အပိုင်ပိတ်သွင်းပြီး အဖိုးတန်ဂိုးရယူပေးခဲ့တာပါပဲ။ အဲဒီဂိုးသာမရခဲ့ဘူးဆိုရင် ပိုချက်တီနိုတယောက် ဖိအားတွေထပ်တိုးဖို့သာ ရှိလာမှာဖြစ်ပြီး တယောက်လျော့အသင်းကိုတောင်

အနိုင်မရကောင်းလားဆိုတဲ့ ပြစ်ချက်တွေနဲ့ အခက်တွေ့ဖွယ်ရှိခဲ့မှာပါ။ အသင်းအတွက်ပွဲသိမ်းဂိုးကိုတော့ မာကွင်ဟို့စ်က ထပ်မံသွင်းယူပေးခဲ့ပါတယ်။

မက်ဆီကတော့ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် အသင်းရရှိခဲ့တဲ့ သွင်းဂိုးသုံးဂိုးလုံးကို ဖန်တီးပေးနိုင်ခဲ့လို့ စိတ်ကျေနပ်စရာပွဲတော့ဖြစ်ခဲ့ရပါတယ်။ ဆရာများသားသေဆိုသလို ပီအက်စ်ဂျီအနေနဲ့ ကစားသမားကောင်းတွေအများကြီးရှိနေပေမယ့် အခုချိန်ထိ ပုံမှန်ကစားဟန်ကို ရှာမတွေ့သေးဘဲရှိနေပြီး

တဦးကောင်း၊တယောက်ကောင်းပုံစံကိုသာ မျှော်လင့်နေရဆဲဖြစ်ပါတယ်။

Share

Loading Next Article...
က္က