ဆွစ်ဇာလန်နဲ့ပွဲမှာ နောက်ဆုံးမိနစ်အခွင့်အရေးရခဲ့ပေမယ့် လွဲချော်ခဲ့ရပါတယ်။

ပွဲချိန်နောက်ဆုံးမိနစ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီကို ကန်သွင်းယူခဲ့ရာမှာ ဂိုးဘားတန်းပေါ်ကျော်သွားခဲ့လို့ အီတလီတို့ နိုင်ပွဲနဲ့ ဝေးကွာခဲ့ရပြီး သရေတစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ 


ဘလွန်းဒီအောဆုကို ဂိုးသွင်းနေတဲ့သူတွေကိုချည်းပဲ မပေးသင့်ဘူးလို့ ပြောဆိုခဲ့တဲ့ ဂျော်ဂျင်ဟိုဟာ မနေ့က ကစားခဲ့တဲ့ ဆွစ်ဇာလန်နဲ့ပွဲမှာ အသင်းအတွက် ပင်နယ်တီကန်သွင်းခဲ့ရာမှာတော့ လွဲချော်ခဲ့ရပါတယ်။ ပွဲချိန်နောက်ဆုံးမိနစ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီကို ကန်သွင်းယူခဲ့ရာမှာ ဂိုးဘားတန်းပေါ်ကျော်သွားခဲ့လို့ အီတလီတို့ နိုင်ပွဲနဲ့ ဝေးကွာခဲ့ရပြီး သရေတစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ 



တစ်ဂိုးစီနဲ့ သရေပွဲအဖြစ်ပြီးဆုံးခဲ့တာကြောင့် ဆွစ်ဇာလန်ကို အမှတ်ဖြတ်နိုင်မယ့်အခွင့်အရေးကို ဆုံးရှုံးခဲ့ရပြီး ရမှတ် ၁၅ မှတ်ကိုယ်စီနဲ့ အမှတ်ပေးဇယားမှာ အပြိုင်ဖြစ်ခဲ့ရပါတယ်။ ဘလွန်းဒီအောဆုရရှိနိုင်တယ်
လို့ ရေပန်းစားနေတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ ဂျော်ဂျင်ဟိုဟာ ပင်နယ်တီကန်သွင်းရာမှာ တိကျသူတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်ကာ မနေ့ကလွဲချော်မှုကတော့ စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။ 



အီတလီနည်းပြမန်စီနီကတော့ သူ့ကစားသမားဘက်ကနေ ကာကွယ်ပြောဆိုမှုတွေ ပြုလုပ်ပေးသွားခဲ့ပါတယ်။ "ပထမအကျော့ကလည်း ကျွန်တော်တို့ ပင်နယ်တီလွဲချော်ခဲ့ပြီး အခုလည်း နောက်တစ်ကြိမ်ပြန်ဖြစ်လာခဲ့ပါတယ်၊ ဂျော်ဂျင်ဟို ကန်သွင်းဖို့လုပ်ခဲ့တာ မှန်ပါတယ်၊ သက အသင်းရဲ့ ပင်နယ်တီကန်သွင်းသူ အကောင်းဆုံးတွေထဲက တစ်ဦးပါ၊ ပထမပိုင်းမှာ ကျွန်တော်တို့ အခက်တွေ့ခဲ့ရပေမယ့် ကောင်းကောင်းပြန်ကစားနိင်ခဲ့ပေမယ့် အနိုင်ဂိုးတော့ မရခဲ့ပါဘူး" လို့ ပြောဆိုခဲပါတယ်။ 

အီတလီကစားသမားဒီလော်ရန်ဇိုကလည်း "ဂျော်ဂျင်ဟိုက ချန်ပီယံတစ်ဦးဖြစ်ပီး ကျွန်တော်တို့ရဲ့ ပင်နယ်တီကန်သွင်းသူပါ၊ ဒီအခိုက်အတန့်ကနေ သူ ကျော်ဖြတ်နိုင်အောင် ကျွန်တော်တို့ ကူညီပေးသွားမှာပါ" လို့ ပြောဆိုခဲ့ပါတယ်။ ဘလွန်းဒီအောဆုကို ရရှိဖို့ မျှော်လင့်ထားတဲ့ ဂျော်ဂျင်ဟိုအတွက်တော့ စိတ်ပျက်စရာကောင်းတဲ့အခိုက်အတန့်ဖြစ်ခဲ့ပြီး ပွဲအပြီးမှာလည်း သူ့ရဲ့ ပင်နယ်တီလွဲချော်ခဲ့မှုအတွက် တော်တော်လေးစိတ်ပျက်နေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ 

Share

Loading Next Article...
က္က