မနေ့ညက အယ်လ်ချီနဲ့ပွဲမှာ ဖြစ်ပွားခဲ့တာပါ။

အက်သလက်တီကိုမက်ဒရစ်တိုက်စစ်မှူးအယ်လ်ဗာရိုမိုရာတာကတော့ အယ်လ်ချီနဲ့ပွဲမှာ အားလုံးပွဲကျသွားအောင် လုပ်ပြသွားခဲ့ပါတယ်။ အက်သလက်တီကိုမက်ဒရစ်အသင်းဟာ ပထမပိုင်းမှာ အယ်လ်ချီကစားသမား အထုတ်ခံခဲ့ရပေမယ့် အနိုင်ဂိုးမရခဲ့တဲ့အပြင် ဒုတိယပိုင်းမှာ သူတို့ကစားသမား ဟာမိုဆို ၂ဝါ ၁ နီနဲ့ ထုတ်ပယ်ခံရပြီးချိန်မှာ ယာအိုဖိလစ်နဲ့ မိုရာတာတို့ရဲ့ သွင်းဂိုးတွေကြောင့် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ 



၂-၀ နဲ့ အနိုင်ရတဲ့ပွဲမှာ မိုရာတာက ဒုတိယမြောက်ဂိုးကို သွင်းယူခဲ့တာဖြစ်ပါတယ်။ ဂရစ်မန်းရဲ့ ပေးပို့မှုကနေ မိုရာတာက ပြိုင်ဘက်ကစားသမားကို လိမ်ခေါက်ပြီး ဧရိယာထဲမှာ ဘယ်ခြေနဲ့ ကန်သွင်းခဲ့ပါတယ်။ သူ ကန်သွင်းချိန်မှာ အယ်လ်ချီကစားသမားတဦးက ပိတ်ဆို့ဟန့်တားခဲ့ပြီး ဘောလုံးက လေပေါ်မြောက်ကာ မဂိုးဘူးလို့ ထင်ခဲ့ရပြီး မိုရာတာကလည်း သူ ဒဏ်ရာရသွားဟန်နဲ့ လူးလိမ့်နေခဲ့ပါတယ်။ 



ဒါပေမယ့် တကယ်တမ်းမှာတော့ သူ ကန်သွင်းလိုက်တဲ့ ဘောလုံးက လေထဲမြောက်ပြီး ပြန်ကျချိန်မှာ ဂိုးပေါက်ထဲ တည့်တည့်မတ်မတ်ဝင်သွားခဲ့ပါတယ်။ ဒါကြောင့် အသင်းဖော်တွေနဲ့ ပရိသတ်တွေက အောင်ပွဲခံနေကြပြီး အောင်ပွဲခံသံတွေကို ကြားရချိန်မှာ လူးလိမ့်နေတဲ့ မိုရာတာက ချက်ချင်းပဲ ထခုန်ပြီး ဂရစ်မန်းဆီပြေးလွှားကာ အောင်ပွဲခံသွားခဲ့ပါတယ်။ 

ပရိသတ်တွေကတော့ မိုရာတာရဲ့ လုပ်ရပ်ကို သဘောကျနေသလို လှောင်ပြောင်မှုတွေလည်း လုပ်ခဲ့ကြပါတယ်။ စပိန်တိုက်စစ်မှူးဟာ ဒဏ်ရာအပြင်းအထန်ရသွားတဲ့ဟန် လုပ်နေခဲ့ပြီးမှ ဂိုးဝင်သွားမှန်းသိလို့ ချက်ချင်းပဲ ထပြေးအောင်ပွဲခံတာက တကယ်ရုပ်ပေါက်လွန်းတယ်လို့ ပရိသတ်တချို့က ဝေဖန်ခဲ့ပြီး တချို့ကတော့ သူ့အဖြစ်ကို ဟာသအနေနဲ့ ရယ်မောသဘောကျနေခဲ့ကြပါတယ်။ 

Share

Loading Next Article...
က္က