မန်စီးတီးနဲ့ပွဲအပြီးမှာ ပြောကြားခဲ့တာပါ။

အာဆင်နယ် နောက်ခံလူ ဆာလီဘာက မနေ့ညက မန်စီးတီးနဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ သရေကျခဲ့တဲ့အပေါ် ကျေနပ်နေမှာ မဟုတ်တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။ အီတီဟတ်မှာ ကစားခဲ့တဲ့ အဆိုပါပွဲမှာ ဂိုးမရှိသရေ​ ရလဒ်ထွက်ပေါ်ခဲ့ပြီး ပရိသတ်တွေအတွက် ပျင်းရိစရာပွဲ ဖြစ်ခဲ့ပါတယ်။



အာဆင်နယ်ဟာ​ ဒီပွဲမတိုင်ခင်မှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်ထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မနေ့က သရေပွဲကြောင့် ပူးတွဲဦးဆောင်သူ လီဗာပူးကို အမှတ်ပေးဇယားထိပ်ဆုံးနေရာကနေ ဖယ်ပေးလိုက်ရပါတယ်။

အာဆင်နယ်ဟာ ပထမနေရာက လီဗာပူးနဲ့ (၂) မှတ်အကွာ၊ တတိယနေရာက မန်စီးတီးနဲ့ (၁) မှတ်အကွာနဲ့ အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီကလည်း အမှတ်ပေးဇယားကို တောက်လျှောက် ဦးဆောင်လာခဲ့ပြီး ရာသီကုန်ခါနီးမှ ခြေချော်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ဖလားနဲ့ လွဲချော်ခဲ့ရသေးတာပါ။

မန်စီးတီးနဲ့ သရေကျခဲ့တဲ့အပေါ်မှာလည်း ဆာလီဘာက “အခုချိန်မှာ ကျွန်တော်တို့က သရေကျခဲ့လို့ဆိုပြီး ကျေနပ်နေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီရလဒ်အတွက်တော့ အဆင်ပြေပါတယ်။ ကျွန်တော်တို့ နိုင်ပွဲမရတဲ့ပွဲတွေကနေ သင်ယူစရာတွေရှိပါတယ်။ အဲ့ဒီလိုမျိုးပွဲတွေမှာ မရှုံးအောင် ကစားဖို့ လိုအပ်ပြီး အခု ဒီပွဲလိုမျိုး တစ်မှတ်တော့ ယူရမှာပေါ့”

“ဒါပေမယ့် ဒီအပေါ်မှာ ကျေနပ်နေတာမျိုးတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ခေါင်းထဲမှာ ဒါက နေရာပိုယူထားတယ်ထင်ပါတယ်။ ဒါပေမယ့် မန်စီးတီးက ကမ္ဘာ့အကောင်းဆုံး အသင်းတစ်သင်းဆိုတာ သိပါတယ်။ ဒီအတွက် အာရုံစိုက်ခဲ့ရပါတယ်။ ကျွန်တော်တို့ ဂိုးမပေးခဲ့ရပေမယ့် ဂိုးလည်း မသွင်းနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ပျော်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က