အာဆင်နယ်ကတော့ အာဆင်နယ်ပါပဲ။ စပါးနဲ့ သရေကျခဲ့ပေမယ့် အနိုင်ရသင့်တဲ့ပွဲမျိုးကို အနိုင်ရအောင် ကစားနိုင်စွမ်းက အပြည့်ရှိခဲ့ပါတယ်။ ဘုန်းမောက်ကိုလည်း အဝေးကွင်းမှာ သူတို့က အသာစီးကစားနိုင်ခဲ့ပြီး ပထမပိုင်းမှာပဲ အနိုင်ရဖို့ သေချာစေမယ့် သွင်းဂိုးတွေကို ရယူနိုင်ခဲ့ပါတယ်။
လက်ရှိ အာဆင်နယ်ကစားပုံကတော့ တော်တော်လေးကို အားရစရာကောင်းလွန်းပြီး အသင်းတိုင်းကို ကောင်းကောင်းရင်ဆိုင်နိုင်တဲ့ အနေအထားပါ။ ပရီးမီးယားလိဂ်အမှတ်ပေးဖလားအတွက်လည်း သူတို့မှာ စိန်ခေါ်နိုင်စွမ်းအပြည့်ရှိနေပြီး မန်စီးတီး၊ လီဗာပူးလ်တို့နဲ့အပြိုင်အဆိုင် ဖြစ်လာမှာ သေချာပါ်တယ်။
ဒုတိယပိုင်းမှာလည်း အာဆင်နယ်ကပဲဦးဆောင်ဂိုးထပ်ရခဲ့ပါတယ်။ အဲဒီဂိုးကလည်း ပင်နယ်တီကဖြစ်ပြီး ဒီတကြိမ်မှာ ကိုင်ဟာဗက်ဇ်က ကန်သွင်းယူခဲ့ပါတယ်။ အာဆင်နယ်အတွက် ခြေစွမ်းမပြနိုင်ဖြစ်နေတဲ့ ဟာဗက်ဇ်အတွက် ဒီဂိုးက ယုံကြည်မှုရရှိစေခဲ့မှာပါ။
အာဆင်နယ်က ပွဲကို အေးဆေးထိန်းကစားရင်း သက်တောင့်သက်သာနိုင်ပွဲကို ရယူနိုင်ခဲ့ပါတယ်။ ဒီရာသီမှာ ရှုံးပွဲမရှိသေးတဲ့ စ့ချိန်ကိုပါ ဆက်ထိန်းထားနိုင်ခဲ့ပြီး အမှတ်ပေးဇယားထိပ်ပိုင်းမှာ ဆက်ရှိနေခဲ့ပါတယ်။ အာတီတာရဲ့ အသင်းက တကယ်ကို လမ်းကြောင်းမှန်ပေါ် ရောက်နေပြီး ရင်ဆိုင်ရခက်တဲ့အသင်း၊ အနိုင်ယူရခက်တဲ့ အသင်းအဖြစ်နဲ့တော့ ရှိနေခဲ့ပါပြီ။