လာမယ့် မေလ ၇ ရက်ကနေ ၉ ရက်အတွင်းမှာ Google ကနေ နှစ်စဉ် ကျင်းပပြုလုပ်နေတဲ့ I/O Developer Conference ပွဲကြီး စတင်သွားတော့မှာပါ။
Google I/O Developer Conference ပွဲမှာ ကုမ္ပဏီရဲ့ နောက်ဆုံးပတ် ဘဏ္ဍာရေးရှင်းတမ်းကို ထုတ်ပြန်သွားမှာ ဖြစ်ပြီး hardware ထုတ်ကုန်အသစ်တွေ မိတ်ဆက်သွားဖို့ရှိပါတယ်။
(၁) Pixel 3a ၊ Pixel 3a XL
Photo: Wccftech
Google ရဲ့ Android OS စနစ်ကို ဖုန်းတိုင်းလိုလို သုံးနေပေမယ့် Google ထုတ် ဖုန်းတွေ ဖြစ်တဲ့ Pixel series ကတော့ ဈေးကွက်ထဲမှာ လူကြိုက်နည်းနေဆဲမှာ ရှိနေပါတယ်။ ပရီမီယံ Google Pixel ဖုန်းတွေ ထုတ်လာတာ ၃ နှစ်ပြည့်ပြီ ဖြစ်တဲ့ Google ဟာ ဒီနှစ်ထဲမှာ အလတ်စားဈေးသင့်တဲ့ Pixel 3a နဲ့Pixel 3a XL တို့ကို ကြေညာသွားမယ်လို့သတင်းထွက်နေပါတယ်။
Pixel 3a / 3a XL တို့ရဲ့ နာမည်ကို Google Store မှာတောင် တွေ့နေရပြီ ဖြစ်လို့ဒီပွဲမှာ မိတ်မဆက်ရင်တောင် အံ့သြရမှာပါ။
(၂) Nest Hub Max
Photo: clubic
Google ရဲ့ စမတ် display သစ်နှစ်မျိုး ဖြစ်တဲ့ Nest Hub Max နဲ့Home Hub တို့ကို ဒီပွဲမှာ မိတ်ဆက်သွားဖို့ရှိပါတယ်။ Nest Hub Max ဟာ ၁၀ လက်မ display နဲ့လာပြီး Home Hub ကတော့ ၇ လက်မ screen နဲ့လာမှာပါ။ ဒီ display တွေဟာ လှုပ်ရှားမှုနဲ့အသံ သတိပေးချက်တွေပါတဲ့ Nest ကင်မရာတစ်ခု ပါပြီး video call ခေါ်တာအပြင် လုံခြုံရေးအဖြစ် စောင့်ကြည့်ဖို့ပါ သံးနိုင်မှာပါ။
(၃) Android Q
Photo: TNW
Google ဟာ ပြီးခဲ့တဲ့ မတ်လထဲမှာ Android Q ကို first beta အနေနဲ့ဖြန့်ချိခဲ့ပြီး အချက်အလက်အသေးစိတ်ကို Google I/O Developer Conference မှာ ကြေညာသွားမှာပါ။ ဒီ OS သစ်မှာapp အတွက် privacy ပိုင်း ထိန်းချုပ်မှု အသစ်တွေ gestures သစ်တွေ အပြင် dark theme ပါ ပါလာဖို့ရှိပါတယ်။
(၄) Android TV
Photo: engadget
ဒီပွဲမှာ Android TV မိတ်ဆက်သွားမလားဆိုတာ စောင့်ကြည့်ရမယ့် အချက်ပါ။ စမတ် TV ပလက်ဖောင်းမှာ Samsungရဲ့ Tizen ဗားရှင်း နဲ့LG ရဲ့ webOS လို TV ပလက်ဖောင်းသစ်ကို Google ကြေညာသွားမလားဆိုတာ ကြည့်ရမှာပါ။
(၅) updates
Google I/O ပွဲမှာ Stadia Game-streaming ဝန်ဆောင်မှုအကြောင်း အချက်အလက် အသစ်တွေ ကြားရဖို့ရှိပါတယ်။ Stadia ဟာ အင်တာနက်ရတဲ့ ဘယ်နေရာကမဆို ဂိမ်း developer တွေအတွက် ဒေတာစင်တာမှာ ထားထားတဲ့ Google ရဲ့ စက်တွေအပေါ် ဂိမ်းတွေ တိုက်ရိုက် ဒီဇိုင်းရေးဆွဲနိုင်စေမယ့် cloud-based ဂိမ်းပလက်ဖောင်းဖြစ်ပြီး ဒီပွဲမှာ Stadia အကြောင်းအပြန် Chrome အကြောင်း updates သစ်တွေ ကြားရတော့မှာပါ။
Share