နောက်နှစ်နှစ်လောက်မှ အတည်ဖြစ်ဖို့ရှိပါတယ်

ကြော်ငြာစီးပွားရေးအားထားနေရတဲ့ Facebook အတွက် နောက်ထပ်ထိုးနှက်ချက်ကြီးတစ်ခုနဲ့ ရင်ဆိုင်ရတော့မှာပါ။ 

၂၀၂၁ ဧပြီက ထွက်ရှိတဲ့ Apple ရဲ့ iOS feature တစ်ခုဟာ Facebook ကို ဒေါ်လာဘီလျံဆယ်နဲ့ချီဆုံးရှုံးစေခဲ့ပါတယ်။ iPhone Users တွေကို သူတို့ရဲ့ User Behavior (သုံးစွဲသူအပြုအမူအလေ့အထ) ပေါ် ဘယ် Apps တွေကို ခြေရာခံခွင့်ပြုမလဲ ရွေးချယ်ခိုင်းတဲ့ Feature ပါ။ iOS 14 မှာ ပါလာတဲ့ ဒီ feature ကြောင့် Facebook ဝင်ငွေဟာ ၂၀၂၂ ခုနှစ်မှာ ဒေါ်လာ ၁၀ ဘီလျံအထိ ဆုံးရှုံးရဖို့ ရှိတယ်လို့ Meta က ပွင့်ပွင့်လင်းလင်း ထုတ်ပြန်ထားပါတယ်။ 



Apple ATT Feature ( Photo: BGR)


အခု‌တော့ Apple ရဲ့ App Tracking Transparency (ATT) Feature အတိုင်း Google ကလည်း လိုက်ပြီး အလားတူ Privacy Change တစ်ခုလုပ်လိုက်ပါတယ်။ ပိုပြီး ပုဂ္ဂလိကဆန်တဲ့ ကြော်ငြာရေးအဖြေရှာမှုသစ် ပေါ်ပေါက်ရေးအတွက်လို့ Android ထုတ်ကုန်စီမံခန့်ခွဲမှု ဒုဥက္ကဌ အန်တိုနီ ချာဗက်ဇ်ရဲ့ အပြောအတိုင်း ဒီ feature သစ်ဟာ အန်းဒရိုက်ထုတ်ကုန်တွေပေါ်မှာ ကြော်ငြာခြေရာခံမှု လုပ်သူတွေကို App ဖြတ်ကျော် အချက်အလက်ယူနိုင်တဲ့ Cross-App Indentifier မရှိရင် သုံးစွဲသူအချက်အလက် ကို ပြင်ပ Third Party တွေကနေ မျှဝေတာ ၊ လုပ်ဆောင်တာတွေ ကန့်သတ်တော့မယ်လို့ ဆိုပါတယ်။ 

Google ဟာ Android ထုတ်ကုန်တွေမှာ Advertising ID လို့ ခေါ်တဲ့ Unique Identifier တစ်ခု ထည့်ထားပါတယ်။ ဒီ ID က ကြော်ငြာတွေကို သုံးစွဲသူတစ်ယောက် တခြား Apps တွေမှာ ဘာတွေ လုပ်ဖြစ်သလဲဆိုတဲ့ အပြုအမူကို ကြည့်ခွင့်ပေးထားတာပါ။ ဒီနည်းနဲ့ ကြော်ငြာရှင်တွေဟာ လူတစ်ဦးချင်းစီရဲ့ အပြုအမူအလေ့အထတွေကို ကြည့်ပြီး ကြော်ငြာတွေ ပစ်မှတ်ထားလို့ ရနိုင်မှာ ဖြစ်ပါတယ်။ ဒီတစ်ခေါက် ဗုဒ္ဓဟူးနေ့က ကြေညာချက်အရ အဲ့ဒီလို သတင်းအချက်အလက်တွေ ရယူနိုင်စွမ်းကို ကန့်သတ်လာတော့မှာပါ။ 

ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းက Apple က iPhone အသုံးပြုသူတွေအတွက် ATT Features နဲ့ Apps တွေရဲ့ ခြေရာခံနေမှုအကြောင်းကို အသိပေးခဲ့ပြီး အခုနှစ်မှာ Google က Apple ခြေရာအတိုင်း လိုက်နင်းတာ ဖြစ်ပါတယ်။ ATT feature အရ iOS ပေါ်က App တိုင်းဟာ သုံးစွဲသူကို ခြေရာခံတော့မယ်ဆိုရင် ကာယကံရှင်ကို ခွင့်ပြုချက်အရင်တောင်းရတာ ဖြစ်ပါတယ်။ 

Photo: ttweb


Flurry Analytics ရဲ့ အချက်အလက်အရ iOS သုံးစွဲသူတွေရဲ့ လေးပုံ သုံးပုံလောက်က ခြေရာခံခြင်း မခံခဲ့ရဘူးလို့ ဆိုပါတယ်။ ဘာပဲ ဖြစ်ဖြစ် Apple ရဲ့ ဒီအပြောင်းအလဲဟာ Facebook ၊ Instagram တို့ရဲ့ မိခင်ကုမ္ပဏီ Meta ကို အကြီးအကျယ် အထိနာစေခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ နှစ်အကုန်စတုတ္ထသုံးလပတ်ဘဏ္ဍာရေးဝင်ငွေရှင်းတမ်းမှာ Apple Privacy Changes ကြောင့် ၂၀၂၂ မှာ ဒေါ်လာ ၁၀ ဘီလျံ ဆုံးရှုံးနိုင်ခြေရှိတယ်လို့ပါ ဝန်ခံခဲ့ရပြီး ဒီနောက်မှာ ကုမ္ပဏီရဲ့ ဈေးကွက်တန်ဖိုးလည်း ဒေါ်လာဘီလျံ ၃၀၀ လောက်အထိ ကျသွားခဲ့ပါတယ်။ 

အန်းဒရိုက်ထုတ်ကုန်ခြေရာခံမှုကို ကန့်သတ်မှု လုပ်မယ့် Google ရဲ့ အစီအစဉ်ဟာ လောလောဆယ် အသက်ဝင်လာဦးမှာ မဟုတ်ဘဲ အနည်းဆုံးနောက် ၂ နှစ်ကျော်လောက် ကြာဦးမယ်လို့ ဆိုပါတယ်။ ဒီအတိုင်းဆို နောက်နှစ်နှစ်လောက်အကြာမှာ Google ရဲ့ Privacy Featur အကြောင်း အသေးစိတ်ပိုသိလာရဖို့ ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က