၁ နာရီခွဲခန့်သွားရမယ့်ခရီးကို ၃ နာရီခွဲကြာသွားခဲ့ပါတယ်။

ဒန်ဗာနိုင်ငံတကာလေဆိပ်ကို အမြန်ရောက်ဖို့Google Maps ဖြတ်လမ်းကနေ သွားတဲ့ ကားသမားတွေဟာ ရွံှ့တောမှာ ပိတ်မိခဲ့ပါတယ်။


           Peña Boulevard လမ်းမကြီးပေါ်က ယာဉ်တိုက်မှုတစ်ခုကြောင့် ကော်လိုရာဒိုမှ ယာဉ်မောင်း ၁၀၀ ခန့်ဟာ ဒန်ဗာနိုင်ငံတကာ လေဆိပ်ဆီကို ဖြတ်လမ်းကနေ သွားဖို့Google Maps က ပြတဲ့ လမ်းကြောင်းအတိုင်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မောင်းနှင်ခဲ့တယ်လို့CNN သတင်းမှာ ဖော်ပြထားပါတယ်။ လမ်းကြောသစ်အတိုင်း သွားကြတဲ့ ကားသမားတွေဟာ တစ်ပတ်လုံးရွာထားတဲ့ မိုးကြောင့် ရွံှ့စေးတောလမ်းမကြီးနဲ့ကြုံခဲ့ရတာပါ။





           လေးဘီးယက် ကားတွေ နွံထဲကနေ ထွက်နိုင်ပေမယ့် ကားတစ်ချို့ကတော့ ဒီရွံှ့နွံ ကနေ မရုန်းထွက်နိုင်ခဲ့ဘဲ ကားအစီးရေ ၁၀၀ ခန့်ပိတ်မိနေခဲ့တယ်လို့ဆိုပါတယ်။ Google ကတော့ ရာသီဥတုလိုမျိုး မမျှော်လင့်တဲ့ အခြေအနေတွေကြောင့် လမ်းကြောင်းရွေးရာမှာ ပြဿနာ ရှိတယ်လို့ထုတ်ပြန်ပါတယ်။ "လမ်းကြောင်းတွေ ရွေးတဲ့အခါမှာ လမ်းအရွယ်အစားနဲ့သွားမယ့် လမ်းညွှန်းအပါအဝင် အချက်အလက် အများကြီး ကျွန်တော်တို့ထည့်စဉ်းစားရပါတယ်။ အကောင်းဆုံး လမ်းကြောင်း ရွေးပေးပေမယ့် တစ်ခါတစ်လေမှာ ရာသီဥတုလို ကြိုတင် တွက်ဆလို့မရတဲ့ အခြေအနေတွေ တက်လာပါတယ်။"

           ပုံမှန်ဆို ယခုဖြတ်လမ်းကနေ သွားမယ်ဆိုရင် တစ်နာရီခွဲလောက်ပဲ ကြာမှာ ဖြစ်ပေမယ့် တနင်္ဂနွေနေ့ကတော့ ယာဉ်မောင်း ၁၀၀ ခန့်ဟာ ၃ နာရီခွဲ အချိန်ကုန်သွားခ့တယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က