Reviewers တွေက ဗွီဒီယိုဖိုင်နဲ့ သက်သေပြခဲ့ပါတယ်

Google ရဲ့ နောက်ဆုံးပေါ် Pixel ဖုန်းသစ်မှာ လုံခြုံရေးပြဿနာကြီးကြီးမားမား ရှိနေပြီလို့ ဆိုပါတယ်။

မေလကမှ မိတ်ဆက်ထားတဲ့ Pixel 6s ရဲ့ ပြဿနာတစ်ခုက မှတ်ပုံတင်မထားတဲ့ လက်ဗွေပိုင်ရှင်တွေနဲ့ Lock ဖွင့်လို့ ရနေတာပဲလို့ ဆိုပါတယ်။ Reviewers တွေက ဒီအချက်ကို သတိထားမိသွားတာ ဖြစ်ပါတယ်။ အသစ်ထုတ်လုပ်ထားတဲ့ Pixel 6a ရဲ့ fingerprint sensor ရဲ့ ချိုးယွင်းချက်ကို YouTube ပေါ် ပထမဆုံး ဖော်ပြခဲ့တာ Beebom ချန်နယ်က ဖြစ်ပြီး ဖုန်းလက်ဗွေ မှတ်မထားသူနှစ်ဦးရဲ့ လက်မတွေနဲ့ စမ်းသပ်ခဲ့ရာမှာ Unlock ဖြစ်သွားခဲ့တာပါ။






တခြား YouTuber တစ်ဦးဖြစ်တဲ့ Geekyranjit ကလည်း Pixel 6a ရဲ့ လက်ဗွေဖတ်စနစ်ကို သူ့လက်မလက်ဗွေနှစ်ခုနဲ့ စမ်းသပ်ခဲ့ပါတယ်။ Geekyranjit ဟာ သူ့ဖုန်းကို လက်မလက်ဗွေတစ်ခုတည်းနဲ့ Register လုပ်ထားတာ ဖြစ်ပေမယ့် လက်မနှစ်ခုလုံးနဲ့ ဖုန်းဖွင့်လို့ ရခဲ့တဲ့အကြောင်းကို သူ့ရဲ့ ဗွီဒီယိုဖိုင်မှာ‌ ဖော်ပြထားခဲ့ပါတယ်။ Pixel 6a ရဲ့ Fingerprint lock ပြဿနာဟာ အတော်ကြီးတဲ့ ပြဿနာဖြစ်ပေမယ့် Google ဘက်က ဆော့ဖ်ဝဲလ်နဲ့ ပြန်ပြင်နိုင်ဖို့ ရှိပါတယ်။ 

Pixel 6a ဟာ Pixel 6 နဲ့ Pixel 6 Pro တို့မှာ အသုံးပြုထားတဲ့ Google ရဲ့ ကိုယ်ပိုင် 5nm Tensor SoC နဲ့ လာပြီး မျက်နှာပြင်ဆိုဒ် ၆.၁ လက်မ OLED Display နဲ့လာပါတယ်။ ကျောဘက် အလျားလိုက်ကင်မရာ Bar တန်းမှာ OIS ရုပ်ငြိမ်စနစ်ပါ 12.2MP Wide Lens နဲ့ 12MP Ultrawide lens တို့ သုံးထားပြီး ရှေ့ဘက် Center Punch-Hole ပေါက်ထဲမှာ 8MP ဆယ်လ်ဖီကင်မရာ တပ်ဆင်ထားပါတယ်။ 

LPDDR5 RAM 6GB/UFS 3.1 Storage 128GB သုံးထားတဲ့ Pixel 6a ဟာ Pixel A-Series တွေထဲမှာ 3.5mm Headphone Jack မပါတဲ့ ပထမဆုံးဖုန်းလည်း ဖြစ်ပါတယ်။ မှန်ပြင်အောက် လက်ဗွေလုံခြုံရေးစနစ် ၊ Titan M2 Security Chip ၊ 4410 mAh ဘက်ထရီ နဲ့ 18W Fat Charging ပါပြီး Premium ဆန်ဆန် ဈေးတန်တန်ဖုန်းအဖြစ် ထွက်ရှိထားတာပါ။ Android 12 စနစ်နဲ့ လာပြီး Security Update ၅ နှစ် ၊ Major Android Update ၃ နှစ် ပေးထားတာကြောင့် ၂၀၂၇ ခုနှစ်အထိ Software Support ရမှာ ဖြစ်ပါတယ်။ 


Highlight Features တွေအနေနဲ့ ညွှန်းစရာက IP67 Rating < 5G ကွန်ရက်ချိတ်ဆက်မှုစနစ် ၊ HDR Support ၊ စတီရီယိုစပီကာတွေ နဲ့ မိုက်ခရိုဖုန်းနှစ်လုံးတို့ သုံးထားတာ ဖြစ်ပြီး ဇူလိုင် ၂၁ ရက်နေ့က စပြီး ဈေးကွက်မှာ ဒေါ်လာ ၄၅၀ (မြန်မာငွေ ၉ သိန်းကျော်) ဈေးနဲ့ ရောင်းချသွားမယ်လို့ ကြေညာထားပါတယ်။ 

Share

Loading Next Article...
က္က