နိုင်ငံပေါင်း ၄၀ မှာ ရောင်းချသွားမှာပါ

Huawei ဆီက ခွဲထွက်ပြီးတဲ့နောက် Honor ရဲ့ ပထမဆုံး အနောက်နိုင်ငံဈေးကွက်ထဲ ဖြန့်ချိတဲ့ စမတ်ဖုန်းထွက်လာပြီ ဖြစ်ပါတယ်။ 

တရုတ်စမတ်ဖုန်းကုမ္ပဏီ Huawei ရဲ့ sub-brand တစ်ခု ဖြစ်ခဲ့တဲ့ Honor ဟာ ပိုင်ရှင်သစ်အောက်မှာ လွတ်လပ်တဲ့စမတ်ဖုန်းအမှတ်တံဆိပ်အဖြစ် ရပ်တည်လာပြီးနောက် ဈေးကွက်ထဲ ဖုန်းသစ်တွေ ဆက်တိုက်ထုတ်လာနေပါတယ်။ Honor 50 စီးရီးကို ပြီးခဲ့တဲ့ ဇွန်လက တရုတ်ဈေးကွက်မှာ စတင်ကြေညာခဲ့တာပါ။ Honor 50 စီးရီးဟာ Honor ကို Huawei က လက်လွှဲ‌ရောင်းချပြီးနောက် Google Mobile Services နဲ့ ပထမဆုံး ထွက်လာတဲ့ဖုန်းလို့ ဆိုနိုင်ပါတယ်။ 





တရုတ်ပြင်ပ ကမ္ဘာ့ဈေးကွက်မှာ ဝင်လာမယ့် Honor 50 ဖုန်းတွေဟာ တခြား အန်းဒရိုက်ဖုန်းတွေလိုမျိုး Google Play Store နဲ့ Play services တွေ pre-load ထည့်သွင်းလာမှာပါ။ အန်းဒရိုက်ဗားရှင်းအနေနဲ့ Android 11 ကို အခြေခံထားတဲ့ Magic UI 4.2 နဲ့ လာပါတယ်။ Honor ရဲ့ Flagship ဖုန်းမှာ Google ဝန်ဆောင်မှုတွေ ပြန်ပါလာတာဟာ အနောက်နိုင်ငံဈေးကွက်ထဲက တခြားအန်းဒရိုက်ဖုန်းတွေကို ယှဉ်နိုင်ဖို့ ရှိပါတယ်။ 

Honor 50 ဟာ ၆.၅၇ လက်မ ဘေးဘောင်ကွေး 120Hz OLED display နဲ့ လာပြီး Snapdragon 778 processor သုံးထားပါတယ်။ 5G ချိတ်ဆက်မှုရတဲ့ ဖုန်းတွေ ဖြစ်ပြီး 4300mAh ဘက်ထရီဟာ 66W fast charging ပံ့ပိုးထားပါတယ်။ ကျောဘက်မှာ 108MP main sensor ၊ 8MP ultrawide sensor ၊ 2MP macro lens နဲ့ 2MP depth sensor ဆိုပြီး ကင်မရာ လေးလုံး သုံးထားတဲ့ ဖုန်းတွေလည်း ဖြစ်ပါတယ်။ 

Honor 50 ဟာ RAM 6/128 GB နဲ့ RAM 8/256GB မော်ဒယ်နှစ်မျိုးနဲ့လာပါတယ်။ RAM 6GB ဗားရှင်းကို ၅၂၉ ယူရို (မြန်မာငွေ ၁၁ သိန်းခွဲခန့်) နဲ့ RAM 8GB မော်ဒယ်ကို ၅၉၉ ယူရို (မြန်မာငွေ ၁၃ သိန်းကျော်) ဈေးနဲ့ ရောင်းချသွားမှာ ဖြစ်ပြီး ယူကေ ၊ ပြင်သစ် ၊ ဂျာမနီ ၊ အီတလီ ၊ စပိန်စတဲ့ ဥရောပနိုင်ငံတွေနဲ့ အီဂျစ် ၊ ယူအေအီး နဲ့ တောင်အာဖရိက စတဲ့ နိုင်ငံပေါင်း ၄၀ ကျော်မှာ ဖြန့်ချိသွားမယ်လို့ ဆိုပါတယ်။ နိုဝင်ဘာလဆန်းပိုင်းမှာ ဖြန့်ချိဖို့ ရှိပြီး ဈေးသက်သာတဲ့ ၂၉၉ ယူရို (မြန်မာငွေ ၆ သိန်းခွဲတန်) Honor 50 Lite လည်း ထွက်ထားပါတယ်။ 



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က