အာဆင်နယ်အသင်းက ၃-၀ နဲ့ အနိုင်ရရှိပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ၅ မှတ်ဖြတ်ပြီး ဆက်လက်ဦးဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

 ယနေ့ည ၈နာရီ ၃၀ မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဖူလ်ဟမ်နဲ့ အာဆင်နယ်တို့ရဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ အာဆင်နယ်အသင်းက ၃-၀ နဲ့ အနိုင်ရရှိပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ၅ မှတ်ဖြတ်ပြီး ဆက်လက်ဦးဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

 

ပထမပိုင်း ၁၇ မိနစ်မှာ မာတီနယ်လီရဲ့  ချာကာနဲ့ ဝမ်းတူးရိုက်ပြီး ကန်သွင်းခဲ့တဲ့ဘောလုံးကို လီနို ပုတ်ထုတ်ခဲ့ရာမှာ ပြန်လျှံထွက်လာတဲ့ဘောလုံးက အန်တိုနီ ရော်ဘင်ဆင်ကို ထိပြီး ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိခဲ့ပေမယ့် VAR က ကြားဝင်ပြီး မာတီနယ်လီ လူကျွံနေတယ်ဆိုပြီး ဂိုးအဖြစ် ခွင့်ပြုဖို့ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း နောက်ထပ် မိနစ်အနည်းငယ်အကြာမှာ ဂါဘရီယဲလ် မာဂါလိုင်စ်က ထောင့်ကန်ဘောကနေ လီအန်ဒရို ထရော့ဆာ့ဒ်ရဲ့ သေသပ်တဲ့ပေးပို့မှုကနေ ခေါင်းတိုက်ပြီး အဖွင့်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

 

နောက်ထပ် ၅ မိနစ်အကြာမှာ မာတီနယ်လီက တီတီကို ဖြတ်ကျော်ပြီး ပေးပို့ခဲ့တဲ့ ထရော့ဆာ့ဒ်ရဲ့ ဖြတ်တင်ပေးပို့မှုကနေ ဒုတိယမြောက် ဦးဆောင်ဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့ပြီး အိမ်ရှင်တွေအတွက် ပြန်လမ်းမရှိတဲ့ပွဲတစ်ပွဲ ဖြစ်လာစေခဲ့တာ ဖြစ်ပါတယ်။ နေရာစုံကစားနိုင်တဲ့ ဘယ်လ်ဂျီယမ်ကြယ်ပွင့်ဟာ ပထမပိုင်းမပြီးခင်မှာပဲ နောက်ထပ် ဂိုးဖန်တီးမှုကို ပြုလုပ်နိုင်ခဲ့ပြီး ပင်နယ်တီဧရိယာထောင့်စွန်းက မာတင် အော်ဒီဂွါဒ်အတွက် ဂိုးဖန်တီးနိုင်ဖို့ နေရာလွတ်ရှာတွေ့ခဲ့ပြီး ဂန်းနားအသင်းခေါင်းဆောင်က ဘောလုံးကို ရင်ဘတ်နဲ့ အသာထိန်းပြီး ဂိုးအောက်ထောင့်ထဲကို တည်ငြိမ်တဲ့ အဆုံးသတ်နဲ့ ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

 

ဒီပွဲစဥ်မှာ အာဆင်နယ်အသင်း လွဲချော်ခဲ့တဲ့ အခွင့်အရေးတွေကိုပါ ထည့်တွက်မယ်ဆိုရင် လီဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ပွဲစဉ်က ၇-၀ ဂိုးအရေအတွက်လောက်ကို ဖြစ်ခဲ့မှာဖြစ်ပြီး အာဆင်နယ်ရဲ့ ခြေစွမ်းက ရပ်တန့်လို့ မရနိုင်လုနီးပါး ဖြစ်နေပြီဆိုတာကို နောက်ထပ်တစ်ကြိမ်သက်သေပြသခဲ့တဲ့ပွဲဆိုရင်လည်း မှားမယ်မထင်ပါဘူး။

Share

Loading Next Article...
က္က