ဘန်ဇီမာကတော့ လှပတဲ့သွင်းဂိုးတဂိုး ရယူနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ ၄၄ ဂိုးသွင်းယူခဲ့တဲ့ ဘန်ဇီမာ၊ ၃၉ ဂိုးအထိ သွင်းယူခဲ့တဲ့ ဘတ်ပီတို့ ပါဝင်လာတဲ့ ပြင်သစ်အသင်းဟာ အိမ်ကွင်းမှာပဲ ဒိန်းမတ်ကို အရေးနိမ့်သွားခဲ့ပါတယ်။ နေးရှင်းလိဂ်အုပ်စုအဖွင့်ပွဲကစားခဲ့တာဖြစ်ပြီး အိမ်ရှင်ပြင်သစ်လို့ အိမ်ကွင်းမှာပဲ ကြက်ကြီးလည်လိမ်ဖြစ်ခဲ့ရကာ ကမ္ဘာ့ဖလားမတိုင် အကောင်းဆုံးခြေစွမ်းရဖို့ကို အားထုတ်ရတော့မှာဖြစ်ပါတယ်။ 

ဘန်ဇီမာက တော်တော်လေးလှပပြီး အဆင့်အတန်းမြင့်မားတဲ့ သွင်းဂိုးတဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး ပြင်သစ်ကို ဦးဆောင်စေခဲ့ပါတယ်။ ဒါပေမယ့် ဒိန်းမတ်ကတော့ လူစားဝင်လာတဲ့ ကစားသမား အန်ဒရိစ်ကော်နယ်လီယပ်စ်ရဲ့ ချေပဂိုးနဲ့ အနိုင်ဂိုးတွေကြောင့် အဝေးကွင်းမှာ အဖိုးတန်နိုင်ပွဲရရှိခဲ့ကာ အဓိကပြိုင်ပွဲကြီးတွေမှာ ရလဒ်တွေကောင်းမွန်နေတဲ့ပုံစံကို ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ 



ပီအက်စ်ဂျီအတွက် မှုန်နေအောင်ကို ခြေစွမ်းပြနိုင်ခဲ့တဲ့ ဘတ်ပီက ဒီပွဲမှာတော့ ဘာမှမလုပ်ပြနိုင်ခဲ့ပါဘူး။ ဒုတိယပိုင်းအစမှာပဲ ဒဏ်ရာလည်းရခဲ့လို့ အန်ကူကူနဲ့ လူစားလဲခံခဲ့ရပြီး အန်ကူကူက ဘန်ဇီမာရဲ့ သွင်းဂိုးအတွက် လှလှပပဖန်တိးပေးနိုင်ခဲ့တာပါ။ မထင်မှတ်ဘဲ ပြင်သစ်တို့ ရှုံးပွဲကြုံခဲ့ရတာဖြစ်ပြီး ကစားသမားကောင်းတွေရှိနေပေမယ့် ဒိန်းမတ်ဆီက သရေတမှတ်ရအောင်တောင် မယူနိုင်ခဲ့ပါဘူး။ 



ဒီပွဲကိုလည်း ဒိန်းမတ်အတွက် အဲရစ်ဆန်က ပွဲချိန်ပြည့်ပါဝင်ကစားသွားခဲ့ပါတယ်။ ဒီကစားသမားကတော့ ဘောလုံးပြန်ကစားပြီးနောက်ပိုင်းမှာ တောက်လျှောက်ဆိုသလို ခြေစွမ်းပြနေသလို ရလဒ်ကောင်းတွေလည်း ရရှိနေတာပါ။ ဘရန်ဖို့ဒ်နဲ့အတူ ကစားသမားဘ၀ကို တကျော့ပြန်တောက်ပစေခဲ့ပြီးနောက် အဲရစ်ဆန်က ရှုံးပွဲတွေ့ထားမှုရာခိုင်နှုန်းလည်း နည်းပါးနေခဲ့ပါတယ်။ 

Share

Loading Next Article...
က္က