ဘတ်ပီကတော့ မိုနာကိုနဲ့ပွဲမှာ အလွဲကြီးတွေကို လွဲခဲ့တာပါ။

ဘတ်ပီကတော့ အသင်းဟောင်းမိုနာကိုနဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ သူ့ရဲ့လွဲချော်မှုတွေအတွက် ဝေဖန်ခံနေရပြန်ပါပြီ။ ပီအက်စ်ဂျီရဲ့ ဂိုးပြတ်နိုင်ပွဲတွေ ရပ်တန့်ခဲ့ရတဲ့ ဒီပွဲမှာတော့ နေမာ၊ ဘတ်ပီနဲ့ မက်ဆီတို့ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး နေမာရဲ့ မိနစ် ၇၀ ပင်နယ်တီဂိုးကြောင့်သာ အိမ်ကွင်းမှာ သရေတမှတ်ရခဲ့ရသလို ဘတ်ပီကလည်း ၆ ကိုက်အကွာကနေ ကန်သွင်းခွင့်ရတာကိုတောင်မှ လွဲချော်ခဲ့ရပါတယ်။ 

ပြီးခဲ့တဲ့ပွဲတွေမှာ ခြေစွမ်းပြခဲ့တဲ့ ပီအက်စ်ဂျီတို့ သွင်းဂိုးတဂိုးတည်းသာရခဲ့တဲ့အထိဖြစ်ခဲ့ရတာပါ။ ပွဲကစားချိန်အတွင်း မက်ဆီရဲ့ ကန်သွင်းချက်က ညာဘက်ထောင့်တိုင်နဲ့ထိပြီး ပြန်ထွက်လာချိန်မှာ ဂိုးပေါက်၀ရှေ့အသင့်ရှိနေတဲ့ ဘတ်ပီက ပိတ်သွင်းယူဖို့ အခွင့်အရေးရခဲ့ပါတယ်။ လွတ်လွတ်ကျွတ်ကျွတ်ပိတ်သွင်းယူခဲ့ရတာဖြစ်ပေမယ့် ဘတ်ပီရဲ့ ပိတ်သွင်းယူမှုကလည်း ညာဘက်တိုင်ကို ပြန်ထိထွက်ခဲ့လို့ နစ်နာခဲ့ရပါတယ်။ 



ဒါ့အပြင် ဘတ်ပီဟာ ပွဲချိန် ၄၃ မိနစ်မှာတော့ ဘယ်ခြမ်းကနေ နူနိုမန်ဒက်စ်ရဲ့ ဖြတ်တင်ပေးပို့မှုကို ပိတ်သွင်းယူခဲ့ရာမှာလည်း ဂိုးပေါက်နဲ့ အလွဲကြီးလွဲခဲ့ရပါတယ်။ အမှန်တကယ်ဆိုရင် အဆိုပါပေးပို့မှုဟာ သူ့နောက်မှာရှိနေတဲ့ မက်ဆီအတွက် ဘယ်ခြေနဲ့ အပိုင်ကန်သွင်းပြီး ဂိုးရမယ့်အနေအထားမှာရှိနေခဲ့တာကို သူက ဟမပေးခဲ့ဘဲ အလိုက်သင့်ပိတ်သွင်းခဲ့ရာမှာ လွဲချော်ခဲ့လို့ နစ်နာခဲ့ရပြီး ဒီကြားဝင်ပိတ်သွင်းမှုအတွက်လည်း ဝေဖန်ခံနေရပါတယ်။ 



မက်ဆီကတော့ ဂိုးရလုနီးနီးအနေအထားတွေဖြစ်ခဲ့ပေမယ့် တိုင်ထိထွက်ခဲ့သလို အသင်းဖော်ရဲ့ နားလည်မှုလွဲမှားမှုကြောင့်လည်း အခွင့်အရေးတွေ လက်လွှတ်ခဲ့ရပါတယ်။ လူစားလဲခံရချိန်မှာတော့ မက်ဆီက စိတ်ပျက်လက်ပျက်ဖြစ်နေဟန်ရှိနေခဲ့ကာ ပရိသတ်တွေက နည်းပြဂဲလ်တီယာကို လူစားလဲရတဲ့အကြောင်းရင်းက ဘာကြောင့်လဲလို့ မေးခွန်းထုတ်ခဲ့ကြပါတယ်။ 

မိုနာကိုကတော့ ရလဒ်တွေဆိုးရွားနေပေမယ့် ဒီပွဲမှာတော့ အဖိုးတန်သရေတမှတ်ရအောင် အားထုတ်နိုင်ခဲ့ပါတယ်။ ပြိုင်ဘက်တွေကို ဂိုးပြတ်သွင်းနေကျ ပီအက်စ်ဂျီကတော့ အိမ်ကွင်းမှာ သရေတမှတ်နဲ့သာကျေနပ်ခဲ့ရပါတယ်။ 

Share

Loading Next Article...
က္က