ပင်နယ်တီအဆုံးအဖြတ်မှာ မန်စီးတီးရှုံးခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ဒုတိယအကျော့မှာတော့ ရီးရဲလ်မက်ဒရစ်က ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ယူပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်ခဲ့ပါတယ်။ ဒီပွဲမှာ တကယ်ဖိကစားခဲ့တာက မန်စီးတီးဖြစ်ခဲ့တာပါ။



မန်စီးတီးက ရီးရဲလ်မက်ဒရစ်ဘက်ကို ဂိုးပေါက် (၃၃) ကြိမ်အထိ ကန်သွင်းခဲ့ပြီး ကစားပုံအရ အသာစီးရခဲ့ပေမယ့် ဂိုးရဖို့ကို ရုန်းကန်ခဲ့ရပါတယ်။ ဂိုးပေါက်တည့်ကန်ချက် (၉) ကြိမ်အထိ ရရှိခဲ့ပေမယ့် ဒီအထဲမှာ (၉) ကြိမ်သာ ဂိုးပေါက်တည့်ခဲ့တာပါ။

ပွဲကစားချိန် အစောပိုင်းမှာတင် ဘယ်လင်ဟမ်၊ ဗီနီရှပ်စ်တို့ရဲ့ တွဲလုံးကတစ်ဆင့် ရိုဒရီဂိုက နှစ်ဆင့်ကန်သွင်းပြီး ရီးရဲလ်မက်ဒရစ်အတွက် ဦးဆောင်ဂိုးရယူပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာ မန်စီးတီးက ဘောလုံးပိုင်ဆိုင်မှုအသာ၊ အခွင့်အရေးရရှိမှုအသာနဲ့ ဆက်တိုက်ဖိအားပေးကစားခဲ့တာပါ။

ဒါပေမယ့် ဒုတိယပိုင်းမှာ ဒီဘရိုင်းရဲ့ ချေပဂိုးတစ်ဂိုးသာရရှိခဲ့ပြီး အချိန်ပို မိနစ် (၃၀) မှာလည်း နှစ်သင်းစလုံး ဂိုးမသွင်းနိုင်ခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရပါတယ်။ ပင်နယ်တီအဆုံးအဖြတ်မှာတော့ ရီးရဲလ်မက်ဒရစ်အတွက် ဂိုးသမား လူနင်က လက်စွမ်းပြခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဘက်က ပထမဆုံး ကန်သွင်းတဲ့ မိုဒရစ် ဂိုးမဝင်ခဲ့ဘဲ မန်စီးတီးဘက်က ဘာနာဒိုဆေးလ်ဗား၊ ကိုဗာဆစ်တို့ရဲ့ ကန်ချက်တွေကို လူနင် ကာကွယ်နိုင်ခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ် ၃-၄ ဂိုးနဲ့ ရီးရဲလ်မက်ဒရစ်တို့ ဆီမီးဖိုင်နယ် တက်ခဲ့ပါတယ်။ မန်စီးတီးကတော့ ချန်ပီယံလိဂ်ဖလားကို ကာကွယ်နိုင်မယ့်အခွင့်အရေး၊ နှစ်နှစ်ဆက် ချန်ပီယံဖြစ်နိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က