မိုနာကိုနဲ့ လီဂူးပွဲအဖြစ် ကစားရမှာပါ။

ဒီနေ့မှာ မိုနာကိုနဲ့ကစားရမယ့် လီဂူးပွဲစဉ်အတွက် ပီအက်စ်ဂျီမှာ မက်ဆီ ပါဝင်ကစားနိုင်ဖွယ်မရှိဘူးလို့ သိရပါတယ်။ ပိုချက်တီနိုရဲ့ အသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ရီးရဲလ်မက်ဒရစ်ကို နှစ်ကျော့ပေါင်း ၃-၂ နဲ့ အရေးနိမ့်ခဲ့ပြီး စိတ်ပျက်ဖွယ်ရာ ရက်သတ္တပတ်ကို ရင်ဆိုင်ခဲ့ရပြီး အခု မိုနာကိုနဲ့ အဝေးကွင်းပွဲစဉ်မှာလည်း မက်ဆီအပါအဝင် ကစားသမား ၅ ဦးအထိ လွဲချော်ဖွယ်ရှိနေပါတယ်။ 

ဒီပွဲမတိုင်ခင် ပြုလုပ်ခဲ့တဲ့ အသင်းလေ့ကျင့်ခန်းအစီအစဉ်ကို မက်ဆီလွဲချော်ခဲ့တယ်လို့သိရပြီး အာဂျင်တီးနားတိုက်စစ်မှူးဟာ ဖျားနာနေတယ်လို့ ကလပ်အသင်းက အတည်ပြုခဲ့ပါတယ်။ သူတို့ရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကတဆင့် ထုတ်ပြန်ခဲ့ရာမှာတော့ "သူ တုပ်ကွေးဖြစ်နေလို့ အသင်းဆေးအဖွဲ့နဲ့အတူ ၄၈ နာရီလောက် ရှိနေခဲ့ရပါတယ်" လို့ ဆိုပါတယ်။ 

မက်ဆီအပြင် အခြားသောကစားသမားတွေဖြစ်တဲ့ ရာမို့စ်၊ ဒီမာရီယာ၊ ဟာရဲရား၊ ဘားနတ်၊ ကာဇာဝါတို့ရဲ့ အခြေအနေကိုလည်း ပီအက်စ်ဂျီက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ "ရာမို့စ်ကတော့ နိုင်ငံတကာပွဲတွေအပြီးမှာ ပြန်ကစားနိုင်ပါလိမ့်မယ်၊ ဒီမာရီယာကတော့ နောက်တပတ်လောက်မှ အသင်းနဲ့ လေ့ကျင့်ခန်းဆင်းနိုင်မှာပါ" လို့ ပြင်သစ်ကလပ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

မက်ဆီကတော့ ပြင်သစ်မြေမှာ ရုန်းကန်နေရပြီး ပြိုင်ပွဲစုံ ၂၆ ပွဲမှာ ၇ ဂိုးသာ ရရှိထားခဲ့ပါတယ်။ လိဂ်ဂိုးကတော့ ၂ ဂိုးတည်းသာရရှိထားတာဖြစ်ပြီး ချန်ပီယံလိဂ် ၅ ဂိုးရရှိထားကာ အသင်းအတွက် နောက်ဆုံးဂိုးသွင်းပေးခဲ့တာက ဖေဖော်ဝါရီလ ၂ ရက်နေ့က ကစားခဲ့တဲ့ လိုင်လီနဲ့ လီဂူးပွဲဖြစ်ပြီး ဂိုးပေါက်ပျောက်နေတာက ၁ လ ကျော်သွားခဲ့ပြီဖြစ်ပါတယ်။ 


Share

Loading Next Article...
က္က