ဟာရီကိန်း၊ ဆွန်ဟောင်မင်တို့ရဲ့ခြေစွမ်းပြမှုတွေနဲ့ပဲ စပါးတို့နိုင်ပွဲရရှိခဲ့တာပါ။

ယူရိုပါကွန်ဖရင့်လိဂ်ကိုပဲ အာရုံပိုရောက်နေတဲ့ လက်စတာကြောင့် စပါးတို့ ဒီပွဲမှာ အေးအေးဆေးဆေးပဲ နိုင်ပွဲရှာတွေ့ခဲ့ပါတယ်။ စပါးက ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်အတွက် အမှားခံလို့မရဘဲ အာဆင်နယ်နဲ့တွေ့ဖို့လည်း ကျန်သေးတာကြောင့် ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရှိနေဆဲပါ။



ဒီပွဲမှာ ကွန်တီက ဆွန်ဟောင်မင်၊ ဟာရီကိန်းအတွဲအပြင် ဆက်ဆီဂနွန်၊ လူးကပ်စ်မော်ရာ၊ ဟို့ချ်ဘာ့ချ်တို့ကိုလည်း ပွဲထွက်ခဲ့ပြီး လက်စတာကလည်း ဒါကာ၊ အီဟီယန်နာချို၊ ဒါကာ၊ အယိုဇေပီရက်ဇ်၊ ဆိုယန်ကူ၊ ရှမိုက်ကယ်၊ အယ်လ်ဘရိုက်တန်တို့ကို အဓိကထားပွဲထုတ်ကစားခဲ့ပါတယ်။

အိမ်ကွင်းမှာဆိုရင် တိုက်စစ် ခြေစွမ်းပြနေကျ စပါးက ဒီပွဲမှာလည်း ဆွန်ဟောင်မင်၊ ဟာရီကိန်းတို့ရဲ့ ခြေစွမ်းပြသွင်းဂိုးတွေနဲ့ပဲ လက်စတာကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။ ကွန်တီက ဒီရာသီအကုန်မှာ စပါးကနေ ထွက်ဖို့ သတင်းပြေးနေပေမယ့် အကောင်းဆုံးဆိုတဲ့အရာကိုတော့ လုပ်ပေးခဲ့ဖို့ ကြိုးစားခဲ့ပါတယ်။

ပထမပိုင်းမှာ ဟာရီကိန်းရဲ့တလုံးတည်းသော ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တဲ့ စပါးတို့ ဒုတိယပိုင်းမှာတော့ ဆွန်ဟောင်မင်ရဲ့ သွင်းဂိုးနှစ်ဂိုးထပ်ရခဲ့ပြီး အိမ်ကွင်းမှာ သုံးဂိုးပြတ်နဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ လက်စတာဘက်က ဗာဒီ၊ တိုင်လီမန့်စ်တို့လို ကစားသမားတွေထည့်ကစားခဲ့ပြီး နာကျင်အချိန်ပိုမှာတော့ အီဟီယန်နာချိုရဲ့ နှစ်သိမ့်ချေပဂိုးတဂိုးကြောင့် ၃-၁ ဆိုတဲ့ရလဒ်နဲ့ ပွဲပြီးခဲ့ပါတယ်။

စပါးကတော့ ဒီနိုင်ပွဲကြောင့် အာဆင်နယ် ဒီညပွဲ မကစားခင်မှာ တပွဲပိုကစား ရမှတ် (၁) မှတ်အသာနဲ့ အဆင့် (၄) နေရာကို တက်ရောက်နိုင်ခဲ့ပါတယ်။ လက်စတာအတွက်ကတော့ ဒီရလဒ်က ဘာမှသက်ရောက်မှုမရှိဘဲ ရိုးမားနဲ့ အဝေးကွင်းမှာ သွားကစားရမယ့် ယူရိုပါကွန်ဖရင့်လိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ကသာ အရေးကြီးနေခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က