လီဗာပူးတို့ အက်ဖ်အေဖလား ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။

ပွဲပန်းနေတဲ့ မန်စီးတီးတို့ ဒီပွဲမှာ ကောင်းကောင်းကြီး ဒဏ်ခံစားခဲ့ရတာဖြစ်ပါတယ်။ ဒီဘရိုင်း၊ ဝေါ်လ်ကာတို့ မပါဝင်နိုင်ခဲ့ဘဲ ဂိုးသမားနေရာမှာလည်း အရံဂိုးသမား စတပ်ဖ်ဖင်ကိုသာ ပွဲထုတ်ခဲ့ပါတယ်။ ကန်ဆယ်လို၊ စတုန်းစ်၊ အကီ၊ ဇင်ချန်ကို၊ ဘာနာဒိုဆေးလ်ဗား၊ ဖာနန်ဒင်ဟို၊ ဖိုဒန်၊ ဂျေးဆု၊ ဂရီလစ်ရှ်၊ စတာလင်တို့ ပွဲထွက်ခဲ့ပါတယ်။



ကြားရက် ဘင်ဖီကာနဲ့ပွဲမှာ အဓိက,ကစားသမားအများစုကို အနားပေးနိုင်ခဲ့တဲ့ လီဗာပူးက ဒီပွဲမှာတော့ အင်ပြည့်အားပြည့် ပွဲထွက်ခဲ့ပါတယ်။ အယ်လစ်ဆန်၊ အာနိုးလ်၊ ကိုနာတေး၊ ဗန်ဒိုက်ချ်၊ ရော်ဘတ်ဆန်၊ ကီတာ၊ ဖာဘင်ဟို၊ သီယာဂို၊ ဆာလာ၊ မာနေး၊ ဒီယက်ဇ်တို့ ပါဝင်ခဲ့ပါတယ်။ ပွဲစလို့ (၈) မိနစ်မှာတင် ထောင့်ကန်ဘောကတဆင့် ကိုနာတေးက ခေါင်းတိုက်ပြီး လီဗာပူးအတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့ပါတယ်။

အဲ့ဒီနောက်ပွဲကစားချိန် (၁၆) မိနစ်မှာ ဂိုးသမား စတပ်ဖ်ဖင် မလိုအပ်ဘဲ စွန့်စားကစားခဲ့ရာမှာ မာနေးက ဝင်ဖျက်ထုတ်ပြီး လီဗာပူးတို့ ဒုတိယဂိုးရရှိခဲ့ပါတယ်။ ဒီပွဲမှာ မန်စီးတီး ပွဲပန်းနေတာ တော်တော်သိသာပြီး ပုံစံကောင်းရဖို့အတွက်လည်း ရုန်းကန်ခဲ့ရပါတယ်။

ပထမပိုင်းပြီးခါနီးမှာတော့ မာနေးကပဲ လီဗာပူးအတွက် တတိယဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းစစချင်းမှာတော့ မန်စီးတီးတို့ ချေပဂိုးတဂိုး ရရှိခဲ့ပါတယ်။ ဂျေးဆုရဲ့ ဖန်တီးပေးမှုကတဆင့် ဂရီလစ်ရှ်က အပိုင်ကန်သွင်းယူခဲ့တာပါ။

မန်စီးတီးတို့ နောက်ထပ်ချေပဂိုးကိုတော့ ပွဲကစားချိန် မိနစ် (၉၀) ရဲ့ နာကျင်အချိန်ပိုမှရရှိခဲ့ပါတယ်။ ဒီဂိုးကိုတော့ မာရက်ဇ်ရဲ့ ဖန်တီးပေးမှုကတဆင့် ဘာနာဒိုဆေးလ်ဗားက သွင်းယူခဲ့ပါတယ်။ မန်စီးတီးတို့ ချေပဂိုးထပ်မရတာကြောင့် လီဗာပူးက ၂-၃ ဂိုးနဲ့ အနိုင်ရရှိပြီး အက်ဖ်အေဖလား ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က