လော်ရီးယန့်နဲ့ပွဲမှာ သွင်းယူခဲ့တာပါ။

ပီအက်စ်ဂျီတိုက်စစ်ကြယ်ပွင့် အမ်ဘာပေကတော့ မနေ့ညက လော်ရီယန့်ကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ အသင်းအတွက် သွင်းဂိုးတစ်ဂိုးကို ထူးထူးခြားခြား ပုံစံမျိုးနဲ့ သွင်းယူသွားခဲ့ပါတယ်။ ဒီပွဲမှာ ပီအက်စ်ဂျီတို့ အိမ်ကွင်းမှာ ၁-၃ ဂိုးနဲ့ အရေးနိမ့်ခဲ့ပေမယ့် အမ်ဘာပေရဲ့ဂိုးကတော့ ပရိသတ်တွေအကြားမှာ ပြောစရာဖြစ်သွားခဲ့ပါတယ်။



ဒီပွဲရဲ့ ပွဲကစားချိန် (၂၉) မိနစ်၊ ပီအက်စ်ဂျီတို့ ၀-၁ ဂိုးနဲ့ ဦးဆောင်ခံထားရချိန်မှာ ပြိုင်ဘက်ဂိုးသမား အမ်ဗိုဂိုက သူ့လက်ထဲ မိထားတဲ့ ဘောလုံးကို ပြစ်ဒဏ်ဘောရပြီအမှတ်နဲ့ အမ်ဘာပေရှေ့မှာတင် မြက်ခင်းပေါ် ပြန်ချလိုက်ပါတယ်။ အမ်ဘာပေကတော့ အခြေအနေတစ်ချက်ကြည့်ပြီးတဲ့နောက် ဒီဘောလုံးကို ဆွဲယူကာ ဂိုးလွတ်ကြီးထဲ ကန်သွင်းယူခဲ့ပါတယ်။


ကွင်းလယ်ဒိုင်ကလည်း ဒီဖြစ်ရပ်ကို ဂိုးအဖြစ် သတ်မှတ်ပေးခဲ့တာကြောင့် လော်ရီးယန့်ကစားသမားတွေက ကွင်းလယ်ဒိုင်ကို ဝိုင်းဝန်းစောဒကတက်ခဲ့ကြပါတယ်။ ဒီဖြစ်ရပ်မှာ ဒိုင်က ပြစ်ဒဏ်ဘောအဖြစ် သတ်မှတ်ပေးထားတယ်လို့ ဂိုးသမားဘက်က ထင်မြင်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒါကြောင့်လည်း ဘောလုံးကို အမ်ဘာပေရှေ့မှာတင် ပြန်ချခဲ့တာဖြစ်ပြီး တကယ်တမ်းမှာတော့ ကွင်းလယ်ဒိုင်က ဘာပြစ်ဒဏ်ဘောမှ မသတ်မှတ်ပေးထားဘဲ အမ်ဘာပေက ဂိုးရသွားခဲ့တာပါ။ ပရိသတ်တွေကတော့ “ဒါက အထူးခြားဆုံး၊ ကိုးလို့ကန့်လန့်အဖြစ်ဆုံးဂိုးတွေထဲက တစ်ဂိုးပါပဲ” “ကွင်းလယ်ဒိုင်က ပြစ်ဒဏ်ဘောပေးထားတယ်အမှတ်နဲ့ ဂိုးသမားက ဘောလုံးကို ချလိုက်တာပါ။ တကယ်တမ်းတော့ ဘာမှမပေးထားပါဘူး”

“အံ့အားသင့်ဖွယ် ကိစ္စရပ်ပါပဲ။ အမ်ဘာပေဆီက ဥာဏ်ကောင်းတဲ့ ကစားပုံကိုလည်း မြင်တွေ့ခဲ့ရပါတယ်” “ဒါက တကယ့်ကို ရှက်စရာပါ။ ဒီနေ့ခေတ်မှာ အားကစားစိတ်ဓာတ်ဆိုတာ လိုအပ်ပါတယ်။ အမ်ဘာပေက ဒီလိုသွင်းဂိုးမျိုးကို သွင်းယူပြီး ပြေးလွှားပြီးတော့တောင် အောင်ပွဲခံနေပါသေးတယ်” လို့ အမျိုးမျိုး မှတ်ချက်ပြုခဲ့ကြပါတယ်။ 

Share

Loading Next Article...
က္က