နိုင်ငံနဲ့ကလပ်အတွက် အလွတ်တည်ကန်ဘောကနေ ဆက်တိုက်ဂိုးတွေရခဲ့တာပါ။

နိုက်စ်ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ မနေ့ကပွဲမှာ မက်ဆီကတော့ လှပတဲ့အလွတ်တည်ကန်ဘောကနေ သွင်းဂိုးတဂိုးရရှိခဲ့ပြန်ပါပြီ။ ဒါဟာ အာဂျင်တီးနားအတွက် ဂျမေကာနဲ့ ခြေစမ်းပွဲမှာ အလွတ်တည်ကန်ဘောကနေ ဂိုးရအောင်သွင်းယူနိုင်ခဲ့ပြီးနောက် ကလပ်အသင်းအတွက်ပါ ထပ်မံသွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဒီရာသီမှာ မက်ဆီရဲ့ လီဂူးသွင်းဂိုးက ၅ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ကာ ဖန်တီးမှု ၇ ကြိမ်အထိ ရရှိထားခဲ့ပါပြီ။ 

ပွဲကစားချိန် မိနစ် ၂၀ ကျော်မှာရရှိခဲ့တဲ့ အလွတ်တည်ကန်ဘောကို နေမာက မကန်သွင်းဘဲ ကျော်ခွသွားခဲ့ပြီးနောက် မက်ဆီက ကန်သွင်းခဲ့တာပါ။ သူ့ရဲ့ ကန်သွင်းနေကျဟန်အတိုင်းနဲ့ပဲ ဂိုးသမားရဲ့ ဘယ်ဘက်ထောင့်ကို အမြင့်ဘောကန်သွင်းယူခဲ့ရာမှာ နိုက်စ်ဂိုးသမား လက်တောင် မြှောက်ချိန်မရလိုက်ဘဲ ဘောလုံးဂိုးထဲဝင်သွားတာကို ဒီတိုင်းလိုက်ကြည့်နေခဲ့ရတာပဲဖြစ်ပါတယ်။


 

နိုက်စ်က ချေပဂိုးကို ဒုတိယပိုင်းမှာ ပြန်သွင်းယူသွားခဲ့လို့ ပီအက်စ်ဂျီတို့ နိုင်ပွဲရဖို့တော့ ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် ဘတ်ပီက ၈၃ မိနစ်မှာ အဖိုးတန်အနိုင်ဂိုးသွင်းယူခဲ့လို့ ပီအက်စ်ဂျီနိုင်ပွဲရခဲ့ပြီး အမှတ်ပေးဇယားမှာ မာဆေးလ်ကို ၂ မှတ်အသာနဲ့ ဦးဆောင်ထားဆဲဖြစ်ကာ နောက်ဆုံး ၅ ပွဲဆက်တိုက်နိုင်ပွဲရရှိပြီး ဂဲလ်တီယာအတွက်တော့ ကျေနပ်စရာဖြစ်ခဲ့ရပါတယ်။ 

မက်ဆီကတော့ ဆက်တိုက်ခြေစွမ်းပြနေတာဖြစ်ပြီး သူ့ရဲ့အကောင်းဆုံးပုံစံတွေကို ပြသနေဆဲဖြစ်ပါတယ်။ ထူးခြားတိုက်ဆိုင်တာကတော့ မက်ဆီရဲ့ ကန်ချက် ဂိုးဝင်သွားချိန်မှာပဲ ကွင်းဘေးကကြော်ငြာဆိုင်းဘုတ်တွေက GOAT လို့ ပြောင်းချိန်နဲ့ သွားတိုက်ဆိုင်ခဲ့ပြီး မသိရင် မက်ဆီကို ဂုဏ်ပြုနေခဲ့သလိုဖြစ်နေခဲ့ကာ လူမှုကွန်ရက်ပေါ်မှာတော့ အဆိုပါဖြစ်ရပ်က လူပြောများနေခဲ့ပါတယ်။ 

Share

Loading Next Article...
က္က