သေချာပေါက်ပေးရမယ့် ဂိုးတွေကို ကာကွယ်နိုင်ခဲ့တာပါ။

ကင်မရွန်းနဲ့ပွဲမှာ ကော်မိုရော့စ်အတွက် ဂိုးသမားအဖြစ်နဲ့ ဝင်ကစားပေးခဲ့ရတဲ့ နောက်ခံလူချာကာအက်လ်ဟာဒူဟာ ပွဲချိန်တွင်းလက်စွမ်းပြကာကွယ်မှုတွေပြုလုပ်နိုင်ခဲ့ပါတယ်။ ၂-၁ နဲ့ ကင်မရွန်းက အနိုင်ရခဲ့ရာမှာ သူက ၄ ကြိမ်အထိ ကာကွယ်ပေးနိုင်ခဲ့ပြီး အပိုင်အခွင့်အရေးတွေကိုလည်း ထပ်ဆင့်ကာကွယ်ခဲ့ကာ ယူနိုက်တက်ဂိုးသမားဒီဂီယာရဲ့ ကာကွယ်ပုံနဲ့တောင် တူတယ်လို့ ခိုင်းနှိုင်းခံနေရပြီဖြစ်ပါတယ်။ 

ကိုဗစ်နဲ့ ဒဏ်ရာပြသနာတွေကြောင့် ကော်မိုရော့စ်အသင်းရဲ့ ဂိုးသမားတွေဝင်ကစားနိုင်ခြင်းမရှိဘဲ နောက်ခံလူအယ်လ်ဟာဒူက ဂိုးသမားအဖြစ်ပါဝင်ခဲ့ရတာပါ။ ပွဲအစ ၇ မိနစ်မှာလည်း ကော်မိုရော့စ်ကစားသမား အနီကတ်ပြထုတ်ပယ်ခံခဲ့ရလို့ ရုန်းကန်ခဲ့ရပြီး အိမ်ရှင်အသင်းကို အဖက်ဖက်ကအားနည်းချက်တွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် အရပ် ၅ ပေနဲ့ ၇ လက်မသာရှိတဲ့ အယ်လ်ဟာဒူကတော့ လက်စွမ်းပြသွားခဲ့ပါတယ်။ 



ပွဲချိန်ဒုတိယပိုင်းမှာ ကင်မရွန်းက တိုက်စစ်ဆင်လာခဲ့ပြီး ဧရိယာအတွင်းမှာ ကန်သွင်းခွင့်ရရှိခဲ့ရာမှာ ဒီပြိုင်ပွဲရဲ့ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်နေတဲ့ အဘူဘာကာက အနိမ့်ဘောကန်သွင်းခဲ့ပြီး အယ်လ်ဟာဒူက ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပါတယ်။ အဆိုပါဘောလုံးဟာ ကင်မရွန်းကစားသမားတဦးဆီကို ရောက်သွားခဲ့ပြီး နောက်တကြိမ် အပိုင်ကန်သွင်းခဲ့ရာမှာလည်း အယ်လ်ဟာဒူက ထိထိမိမိပုတ်ထုတ်ခဲ့ပြီး သေချာပေါက်ဂိုးမယ့် အခွင့်အရေးကို တားဆီးနိုင်ခဲ့ပါတယ်။ 

သူဟာ အခြားသောကာကွယ်မှုတွေကိုလည်း ပြုလုပ်နိုင်ခဲ့ပြီး တိကျတဲ့ပေးပို့မှု၊ အဝေးကန်ချက်တွေကိုလည်း ပြုလုပ်နိုင်ခဲ့ကာ ဂိုးသမားမဟုတ်တဲ့ သူ့အတွက်တော့ စွမ်းဆောင်ရည်ကောင်းခဲ့တယ်လို့ ချီးကျူးခံခဲ့ရပါတယ်။ ဘောလုံးထိချက် ၅၂ ကြိမ်၊ ၄၂ ကြိမ်ပေးပို့နိုင်ခဲ့ပြီး ၄ ကြိမ်ကာကွယ်နိုင်ခဲ့ကာ ၁ ကြိမ်ရှင်းထုတ်နိုင်ခဲ့ပြီး သူ့ရဲ့လက်စွမ်းက အံ့အားသင့်စရာအနေအထားတခုမှာ ရှိနေခဲ့ပါတယ်။ 

Share

Loading Next Article...
က္က