ဂရစ်မန်းကတော့ ဆိုးဆိုးရွားရွားကို ခြေစွမ်းကျဆင်းနေခဲ့တာပါ။

မနေ့က ကစားခဲ့တဲ့ ခရိုအေးရှားနဲ့ ပြင်သစ်တို့ရဲ့ နေးရှင်းလိဂ်ပွဲစဉ်ကတော့ တဖက်တဂိုးစီနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။ အဖွင့်ပွဲမှာ ကိုယ်စီရှုံးနိမ့်ထားတဲ့အသင်းနှစ်သင်းဟာ အနိုင်ရဖို့ အားထုတ်ခဲ့ပေမယ့်လည်း သရေတမှတ်စီသာ ခွဲယူနိုင်ခဲ့ပြီး ပြင်သစ်အတွက် ရာဘီယော့က အဖွင့်ဂိုးသွင်းယူပေးခဲ့ကာ ခရိုအေးရှားအတွက် ကရာမာရစ်က ပင်နယ်တီကတဆင့် ချေပဂိုးသွင်းယူခဲ့ပါတယ်။ 

ဒါပေမယ့်လည်း ဒီပွဲမှာ ပြင်သစ်အတွက် အနိုင်ရနိုင်မယ့် အခွင့်အလမ်းမျိုးကို ဂရစ်မန်းတယောက်ရရှိခဲ့ပေမယ့်လည်း အံ့အားသင့်ဖွယ်ရာလွဲချော်ခ​ဲ့ပါတယ်။ ခရိုအေးရှားဂိုးသမားရဲ့ ရှေ့ကိုတက်ပြီးဖျက်ထုတ်မှုမအောင်မြင်ခဲ့ချိန်မှာ ဂရစ်မန်းက ဘောလုံးရသွားခဲ့ပြီး ခရိုအေးရှားကစားသမားနှစ်ဦးက လိုက်လံဟန့်တားဖို့အတွက် ကြိုးစားခဲ့ပါတယ်။ 



ဒီအချိန်မှာ ဂိုးပေါက်မှာ ဘယ်သူမှမရှိတော့ဘဲ လွတ်လွတ်ကျွတ်ကျွတ်ကန်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဂရစ်မန်းဟာ ဘောလုံးကိုမီအောင် လိုက်ပြေးနေခဲ့ရပြီး နောက်ကိုတချက်လှည့်ကြည့်ကာ ဂိုးသမားမရှိတဲ့ ဂိုးပေါက်ကို ကန်သွင်းခဲ့ပေမယ့်လည်း ဂိုးပေါက်တောင်မတည့်ခဲ့ဘဲ ဘေးထွက်သွားခဲ့ကာ ဂိုးလွန်ဘောသာ ဖြစ်သွားခဲ့ရပါတယ်။ 

ပြင်သစ်အတွက် ၁၀၄ ပွဲကစားပြီး ၄၂ ဂိုးသွင်းပေးထားတဲ့ ဂရစ်မန်းဟာ အရင်လိုပုံစံမျိုးမှာမရှိတော့ဘဲ လေးလံနှေးကွေးနေခဲ့ပြီး ကန်သွင်းချက်တွေကလည်း တိကျမှုကင်းမဲ့နေပြီဖြစ်ပါတယ်။ ဘာစီလိုနာမှာ မအောင်မြင်ခဲ့သလို အက်သလက်တီကိုကို တကျော့ပြန်ကစားချိန်မှာလည်း အရင်လိုပုံစံကောင်းမရှိတော့ဘဲ သူ့ရဲ့အကောင်းဆုံးအချိန်တွေက ကုန်လွန်သွားခဲ့ပြီလို့ ထင်မှတ်စရာရှိနေခဲ့ပါတယ်။ 

Share

Loading Next Article...
က္က