ရော်နယ်ဒိုက ဆက်တိုက်ခြေစွမ်းပြနေတာပါ။

အယ်လ်နာဆာတိုက်စစ်မှူး ရော်နယ်ဒိုဟာ မနေ့ညက ကစားခဲ့တဲ့ အယ်လ်အာလီနဲ့ပွဲမှာ အသင်းအတွက် နှစ်ဂိုးအထိ သွင်းယူပြီး ခြေစွမ်းပြနိုင်ခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါပွဲက ၄-၃ ဂိုးဆိုတဲ့ ရလဒ် ထွက်ပေါ်ခဲ့တာဖြစ်ပြီး ရော်နယ်ဒိုအနေနဲ့ အယ်လ်နာဆာအတွက် (၅) ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။



အယ်လ်နာဆာအတွက် နောက်ထပ်နှစ်ဂိုးကိုတော့ တာလစ်စကာက သွင်းယူပေးခဲ့တာပါ။ ဒါ့အပြင် ဒီပွဲမှာ ပြိုင်ဘက် အယ်လ်အာလီဘက်ကလည်း ဥရောပကနေ ရောက်လာတဲ့ ကစားသမားတွေ ခြေစွမ်းပြခဲ့ပြီး ကက်ဆီ၊ မာရက်ဇ်တို့က ဂိုးတွေ ကိုယ်စီသွင်းယူပေးနိုင်ခဲ့ပါတယ်။


ရော်နယ်ဒိုသွင်းယူသွားခဲ့တဲ့ ပထမဆုံးသွင်းဂိုးကိုတော့ ပရိသတ်တွေက Ghost Goal အဖြစ် တင်စားပြောဆိုနေကြပါတယ်။ ပွဲကစားချိန် (၄) မိနစ်မှာ အယ်လ်အာလီ ကစားသမားထံက ဘောလုံးကို မာနေးက ရအောင် ဖြတ်ယူနိုင်ခဲ့ပါတယ်။

အဲ့ဒီနောက် ဘယ်တောင်ပံကနေ လိုက်တက်လာတဲ့ ရော်နယ်ဒိုရဲ့ ပြေးလမ်းကြောင်းထဲကို ခင်းပေးခဲ့ပြီး ရော်နယ်ဒိုက ဘယ်ခြေနဲ့ အပိုင်ကန်သွင်းခဲ့တာပါ။ ဒါပေမယ့် ဒီအချိန်မှာ အယ်လ်အာလီ ဂိုးနောက်မှာ အဝါရောင် မီးခိုးငွေ့တွေ ပြည့်နှက်နေခဲ့ပြီး ရုပ်သံပြကွက်တွေမှာဆိုရင် ဂိုးသမားကိုတောင် မြင်တွေ့ခဲ့ရခြင်းမရှိပါဘူး။

ဒါ့အပြင် ဂိုးသမားအနေနဲ့လည်း ဒီဂိုးမှာ ဘောလုံးကို မြင်ချင်မှတောင် မြင်လိုက်ရလိမ့်မယ်လို့လည်း ပရိသတ်အချို့က မှတ်ချက်ပြုနေကြပါတယ်။ ရော်နယ်ဒိုဟာ ဒီရာသီ ဆော်ဒီလိဂ်မှာ သွင်းဂိုး (၈) ဂိုးအထိ ရရှိထားပြီး ဂိုးဖန်တီးမှုကလည်း (၄) ကြိမ်အထိ ပြုလုပ်ပေးထားပြီးဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က