ဟိုဆေးလူက ပွဲသိမ်းဂိုးကို သွင်းပေးခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်ရဲ့ ဝါရင့်တိုက်စစ်မှူးကြီး ဟိုဆေးလူက နာပိုလီကို ၄-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲမှာ အသင်းအတွက် တစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် ရီးရဲလ်မက်ဒရစ်တို့ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရာနှုန်းပြည့်နိုင်ပွဲကို ထိန်းသိမ်းနိုင်ခဲ့ပါတယ်။



ဒါ့အပြင် အုပ်စု နောက်ဆုံးပွဲ ကစားဖို့ ကျန်ရှိနေချိန်မှာလည်း အုပ်စု ပထမနဲ့အတူ ရှုံးထွက် (၁၆) သင်းအဆင့်ကို တက်ရောက်ဖို့ သေချာသွားခဲ့ပါတယ်။ အခုပွဲမှာလည်း ရီးရဲလ်မက်ဒရစ်အတွက် ဘယ်လင်ဟမ်က ထုံးစံအတိုင်း ခြေစွမ်းပြခဲ့ပြီး ရိုဒရိုင်ဂိုကလည်း ဂိုးပေါက်ဆက်တွေ့ခဲ့ပါတယ်။


လူငယ်ကစားသမားလေး နီကိုပက်ဇ်ကလည်း ဧရိယာအပြင်ကတစ်ဆင့် လှပတဲ့ ကန်ချက်နဲ့ ဂိုးသွင်းယူနိုင်ခဲ့ပြီး ပွဲသိမ်းဂိုးကိုတော့ နာကျင်အချိန်ပိုမှာ ဟိုဆေးလူက သွင်းယူပေးခဲ့ပါတယ်။ ဟိုဆေးလူဟာ ဂိုးသွင်းပြီးတဲ့နောက်မှာ ရီးရဲလ်မက်ဒရစ်ပရိသတ်တွေရှေ့ အောင်ပွဲမခံဘဲ ပရိသတ်တွေကိုသာ တောင်းပန်နေခဲ့ပါတယ်။

အဲ့ဒါကြောင့်လည်း အသင်းဖော် ဘယ်လင်ဟမ်က အောင်ပွဲခံဖို့အတွက် ဟိုဆေးလူကို တွန်းအားပေးခဲ့ရပြီး ရီးရဲလ်မက်ဒရစ်ပရိသတ်တွေကလည်း ဟိုဆေးလူကို အားပေးခဲ့ကြပါတယ်။ ဟိုဆေးလူက ဘာကြောင့် ဒီလိုမျိုး တောင်းပန်ခဲ့ရလဲဆိုတာကိုတော့ အတိအကျ မသိရှိရသေးပါဘူး။
ဖြစ်နိုင်တာကတော့ ရှေ့ပိုင်းမှာ ဟိုဆေးလူတစ်ယောက် အပိုင်အခွင့်အရေးတွေ လွဲချော်ခဲ့တာကြောင့် ဂိုးသွင်းနိုင်ချိန်မှာ အခုလိုမျိုး တောင်းပန်ခဲ့တာဖြစ်နိုင်ပါတယ်။ ကာဒစ်ဇ်ကို သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာလည်း ဟိုဆေးလူက ဂိုးလွတ်ကြီးကို မပိတ်သွင်းဘဲ လွှတ်ပေးခဲ့တာကြောင့် ပရိသတ်တွေ ဒွိဟဖြစ်ခဲ့ရပါသေးတယ်။

Share

Loading Next Article...
က္က