သူ့ရုပ်ပုံပါ ခြေကာကို ထုတ်ယူကာ အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။

အဲရစ်တန်ဟက်ဂျ်ရဲ့ ယူနိုက်တက်ကတော့ ဆိုဆီဒက်ကို အရေးနိမ့်ခဲ့ပြီးနောက် မဖြစ်မနေနိုင်ပွဲပြန်ယူရမယ့်ပွဲကို အနိုင်ရအောင်ကစားနိုင်ခဲ့ပါတယ်။ ဆန်ချိုက တဂိုး၊ ရော်နယ်ဒိုက သူ့ရဲ့ ယူရိုပါလိဂ်ပထမဆုံးဂိုးနဲ့ ဒီရာသီပထမဆုံးဂိုးအဖြစ် ပင်နယ်တီကတဆင့် သွင်းယူပေးခဲ့ကာ အဝေးကွင်းမှာ ယူနိုက်တက်တို့ ၂-၀ နဲ့ ရှာရစ်ကို အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ 

မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမား ဂျေဒန်ဆန်ချိုဟာ ရှာရစ်နဲ့ ကစားခဲ့တဲ့ မနေ့ညကပွဲစဉ်မှာ အသင်းအတွက် အဖွင့်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ဂိုးသွင်းအပြီးမှာတော့ ဆန်ချိုက ပရိသတ်တဦး သူ့ကိုလက်ဆောင်ပေးခဲ့တဲ့ ခြေကာကို ထုတ်ပြကာ အောင်ပွဲခံသွားခဲ့ပုံက ပရိသတ်တွေကြားမှာ ရေပန်းစားနေပြီး အခုလိုပြုလုပ်ရတဲ့အကြောင်းရင်းကိုလည်း ဆန်ချိုက ရှင်းပြသွားခဲ့ပါတယ်။ 



ဆန်ချိုက သူ့ရဲ့အ​ောင်ပွဲခံမှုနဲ့ပတ်သက်ပြီး "ကလေးလေးတယောက်က ကျနော့်ကို ခြေကာတချို့လာပေးခဲ့ပြီးတော့ ဒါတွေကို ဝတ်ဆင်ပြီး ကစားပေးပါလားလို့ ပြောခဲ့ပါတယ်၊ ကျနော်လည်း ပြသနာမရှိပါဘူး၊ ငါ ဝတ်ကန်ပေးမယ်ဆိုပြီးတော့ ကတိပေးခဲ့ပါတယ်၊ ဒါကြောင့်လည်း ဂိုးသွင်းအ​ပြီးမှာ အဲဒီကလေးအတွက် ရည်ရွယ်ပြီး လုပ်ပြခဲ့တာပါ၊ သူပေးခဲ့တဲ့ ခြေကာကို ကျနော်ဝတ်ကန်ခဲ့တယ်ဆိုတာ သူသိစေချင်လို့ပါ" လို့ ပြောဆိုခဲ့ပါတယ်။ 

ဆန်ချိုကို အဆိုပါကလေးငယ်က ခြေကာတွေ ပေးနေခဲ့တဲ့ ဗီဒီယိုဖိုင်ကလည်း လူမှုကွန်ယက်ပေါ်မှာ ပြန်လည်ပြီး ရေပန်းစားနေပါတယ်။ အဆိုပါခြေကာမှာတော့ ဆန်ချိုရဲ့ မျက်နှာပုံနဲ့ ဒီဇိုင်းပြုလုပ်ထားတာကို မြင်တွေ့ရပါတယ်။ အသက် ၂၂ နှစ်အရွယ် အင်္ဂလန်ကစားသမားက "ဒီနေ့ပွဲကို အနိုင်ရခဲ့တာက အရမ်းအရေးပါပါတယ်၊ ဆိုဆီဒက်ကို ကျနော်တို့ အရေးနိမ့်ခဲ့တာက အံ့အားသင့်စရာတခုဖြစ်ခဲ့ရပြီး ဒီနေ့မှာ ၃ မှတ်ရဖို့လိုအပ်တယ်ဆိုတာကို အားလုံးနားလည်ထားခဲ့ပါတယ်" လို့ ထပ်မံပြောဆိုခဲ့ပါတယ်။ 

ဆန်ချိုကတော့ မန်ချက်စတာစီးတီးအသင်းအကယ်ဒမီကထွက်ပေါ်လာခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် မန်စီးတီးအသင်းကြီးမှာ ပုံမှန်ကစားခွင့်မရခဲ့တာကြောင့် ဆယ်ကျော်သက်ကစားသမားဘ၀မှာပဲ ဒေါ့မွန်ကို ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။ ဒေါ့မွန်မှာ ခြေစွမ်းပြကစားနေခဲ့လို့ ယူနိုက်တက်က ပေါင်သန်း ၇၀ ကျော်ပေးချေကာ ခေါ်ယူခဲ့ပြီး လက်ရှိမှာ ပုံမှန်ကစားခွင့်ရရှိနေသူလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က