ဆွန်ဟောင်မင်တယောက် ပြိုင်ဘက်အသင်းကရန်ပွဲကို ဝင်ရောက်တားဆီးခဲ့တာပါ။

ပရီးမီးယားလိဂ်ရဲ့ အာရှကြယ်ပွင့် ဆွန်ဟောင်မင်တယောက် နိုဘယ်လ်ဆုပါရဖို့ အကြောင်းတွေဖန်နေပြီလို့ မီဒီယာတွေက ဖော်ပြနေပါတယ်။ တောင်ကိုရီးယားနဲ့ချီလီတို့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ဆွန်ဟောင်မင်က ပြိုင်ဘက်အသင်းက ကစားသမားနှစ်ယောက် အချင်းချင်းရန်ဖြစ်နေတာကို ဝင်ရောက်ဖျန်ဖြေခဲ့ရတာပါ။



အဆိုပါပွဲမှာ ဆွန်ဟောင်မင်က အသင်းအတွက်လည်း တဂိုးသွင်းယူနိုင်ခဲ့ပြီး သူ့ရဲ့တောင်ကိုရီးယားလက်ရွေးစင် ကစားသမားဘဝ သွင်းဂိုးက (၃၂) ဂိုးအထိ ရှိလာခဲ့ပါပြီ။ ဒီပွဲမှာ ဆွန်ဟောင်မင်ရဲ့သွင်းဂိုးထက် ပိုပြောစရာရှိခဲ့တာက ဆွန်ဟောင်မင်ရဲ့လုပ်ရပ်တခုပဲဖြစ်ပါတယ်။

ပွဲချိန်အတွင်းမှာ ချီလီက ပေါ်လိုဒီယက်ဇ်နဲ့ ဘန်ဂျာမင်ကက်ဆီဗစ်တို့ စကားများနေရာကနေ ထိပ်တိုက်တွေ့လာတဲ့ အနေအထားအထိ ရောက်ရှိလာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ ဆွန်ဟောင်မင်က နှစ်ယောက်ကြား ဝင်ရောက်ဖြေရှင်းပေးခဲ့တာဖြစ်ပြီး ဒီလိုမျိုး ဆွန်ဟောင်မင်ကို ငြိမ်းချမ်းရေးနိုဘယ်လ်ဆုပေးသင့်တယ်လို့ပါ ပရိသတ်တွေက ပြောဆိုနေကြတာပါ။

ပရိသတ်တယောက်က “ဆွန်ဟောင်မင်အနေနဲ့ သူ့ရဲ့ဒီလုပ်ရပ်အတွက် နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ရရှိသင့်ပါတယ်” “ဆွန်ဟောင်မင်က သမိုင်းတလျှောက် အကြီးကျယ်အခမ်းနားဆုံး လူသားတယောက်ပါပဲ” လို့ အမျိုးမျိုး အမွှန်းတင်ခဲ့ပါတယ်။ ဆွန်ဟောင်မင်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာလည်း ဆာလာနဲ့အတူ ဂိုးသွင်းဘုရင်ဆုကို ပူးတွဲဆွတ်ခူးခဲ့ပါတယ်။



အဲ့ဒီနောက် တောင်ကိုရီးယားကို ပြန်ရောက်လာချိန်မှာလည်း ပရိသတ်တွေက သူ့ကိုတခဲနက်ကြိုဆိုခဲ့ပြီး တောင်ကိုရီးယားနိုင်ငံအားကစားလောကရဲ့ အမြင့်ဆုံးဂုဏ်ထူးဆောင်ဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဆွန်ဟောင်မင်ဟာ အနေအေးပြီး သိုသိုသိပ်သိပ် နေထိုင်လေ့ရှိတာကြောင့်လည်း ဒီလတ်တလောမှာ ဆွန်ဟောင်မင်က ပရိသတ်တွေအကြား အထူးရေပန်းစားလျက်ရှိပါတယ်။  

Share

က္က