ချယ်လ်ဆီးနဲ့ပွဲမှာ ရီးရဲလ်အတွက် ဂိုးသွင်းယူပြီးနောက်မှာ ရော်နယ်ဒိုလိုမျိုး အောင်ပွဲခံခဲ့တာ ဘာကြောင့်လဲဆိုတာကို ရိုဒရိုင်ဂိုက ဖွင့်ဟလိုက်ပါတယ်။ ဘရာဇီးလ်သားဟာ စပိန်ကလပ်အတွက် ၂ ဂိုးစလုံးကို ရယူပေးနိုင်ခဲ့တာဖြစ်ပြီး ဒီသွင်းဂိုးတွေနဲ့ စတန်းဖို့ဘရစ်ချ်မှာ သက်တောင့်သက်သာနိုင်ပွဲရယူခဲ့ကာ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။
ရိုဒရိုင်ဂိုဟာ အသင်းတိုက်စစ်မှူးဟောင်း ရော်နယ်ဒိုရဲ့ အောင်ပွဲခံဟန်အတိုင်း လိုက်လံပြုလုပ်ခဲ့ပြီး ဒီအပေါ်မှာ အားလုံးက စိတ်ဝင်တစားရှိနေခဲ့ကြပါတယ်။ ပွဲအပြီးမှာ သူ ဘာလို့ ဒီလိုမျိုးအောင်ပွဲခံလဲဆိုတာကို ရိုဒရိုင်ဂိုက ရှင်းပြခဲ့ပြီး ရော်နယ်ဒိုက သူ့အပေါ် ဘယ်လောက်ထိလွှမ်းမိုးထားလဲဆိုတာကိုပါ သိသာစေခဲ့ပါတယ်။
"ကျနော် လျှောထိုးဒူးထောက်ပြီး အောင်ပွဲခံဖို့ စဉ်းစားခဲ့ပေမယ့် ချက်ချင်းဆိုသလိုပဲ ခေါင်းထဲမှာ သူ့ကို သတိရမိသွားပါတယ်၊ ဒါကြောင့် သူ့ကို ဂုဏ်ပြုပြီး အောင်ပွဲခံခဲ့တာပါ" လို့ ပွဲအပြီးမှာ ရိုဒရိုင်ဂိုက ပြောဆိုခဲ့ပါတယ်။ ဒါဟာ ဂိုးသွင်းပြီးပြီးချင်းပဲ ရော်နယ်ဒိုကို သတိရသွားတာလို့ ဝန်ခံလိုက်တာလည်းဖြစ်ပြီး သူ့လိုအောင်ပွဲခံဖို့ပါ ဖြစ်လာခဲ့တာပါ။
ရီးရဲလ်ကတော့ ချဲလ်ဆီးကို ၂-၀ နဲ့ ထပ်မံအနိုင်ရခဲ့လို့ နှစ်ကျော့ပေါင်းရလဒ် ၄-၀ ဖြစ်ခဲ့ကာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့ပါပြီ။ လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်ရမယ့် စပိန်ဘီလူးကြီးဟာ မန်ချက်စတာစီးတီး-ဘေယန်မြူးနစ်ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ ပွဲကောင်းတပွဲကို နွှဲရဦးမှာလည်းဖြစ်ပါတယ်။