မာကိုရူးစ်က ခြေစွမ်းပြခဲ့တာပါ။

မနေ့ညက ဒေါ့မွန်နဲ့ အော့စ်ဘတ်တို့ရဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်မှာ မာကိုရူးစ်က တစ်ဂိုးသွင်း၊ နှစ်ဂိုးဖန်တီးနဲ့ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ဒေါ့မွန်က ၅-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် လိုက်ပ်ဇစ်ကို ဖိအားပေးနိုင်ခဲ့ပါတယ်။



ဒါ့အပြင် ဒီပွဲက မာကိုရူးစ် ရာသီကုန်မှာ အသင်းနဲ့လမ်းခွဲတော့မယ်လို့ ကြေညာအပြီး နောက်တစ်ရက်အကြာမှာ ကစားခဲ့တာပါ။ ဒီပွဲမှာ ဒေါ့မွန်ပရိသတ်တွေက မာကိုရူးစ်ကိုလည်း တခဲနက် အားပေးခဲ့ကြပြီး မာကိုရူးစ်ကတော့ အခုလိုမျိုး ခြေစွမ်းပြနိုင်ခဲ့တာပါ။

ပထမပိုင်းမှာတင် ဒီပွဲက တော်တော်လေး ဂိုးမိုးရွာခဲ့ပြီး မာကိုရူးစ်ရဲ့ ဖန်တီးမှုတွေ၊ သွင်းဂိုးတွေကို မြင်တွေ့ခဲ့ရပါတယ်။ မာကိုရူးစ်ဟာ ဒေ့ါမွန်ကစားသမားဘဝ (၁၆၉) ဂိုးမြောက် သွင်းဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဒီဂိုးသွင်းယူပြီးချိန်မှာ ငိုကြွေးမလိုဖြစ်ခဲ့တာပါ။

မာကိုရူးစ်က ဒေါ့မွန်ပရိသတ်တွေကို နှုတ်ဆက်ပြီးတဲ့နောက် သူ့ရဲ့မျက်နှာကို လက်နဲ့အုပ်ထားခဲ့ပြီး ပရိသတ်တွေအတွက်လည်း စိတ်မကောင်းစရာဖြစ်ခဲ့ပါတယ်။ မာကိုရူးစ်ဟာ ဒေါ့မွန်မှာ (၁၂) နှစ်ကြာ ကစားခဲ့ပြီးတဲ့နောက် အသင်းကနေ ထွက်ခွာတော့မှာပါ။ သူ ဘယ်အသင်းကိုပြောင်းရွှေ့မယ်ဆိုတာတော့ မသိရသေးပါဘူး။

အသက် (၃၄) နှစ်အရွယ်ရှိပြီဖြစ်တဲ့ မာကိုရူးစ်ဟာ ဒေါ့မွန်အကယ်ဒမီထွက် ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ မိုချန်ဂလာဘတ်မှာလည်း သွားရောက်ကစားခဲ့ဖူးပြီး ပြီးခဲ့တဲ့ (၂၀၁၂) ခုနှစ်ကမှ ဒေါ့မွန်ကို ပြန်လည်ရောက်ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က