၅-၂ နဲ့ ဘိုင်ယန်က အနိုင်ရရှိခဲ့တဲ့ စနေနေ့ပွဲစဉ်မှာ ပိုလန်တိုက်စစ်မှူးက ခြေစွမ်းပြခဲ့တာဖြစ်ပြီး အသက် ၃၃ နှစ်အရွယ် တိုက်စစ်မှူးဟာ အလွတ်တည်ကန်ဘောကတဆင့်ပါ တစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ဘလွန်းဒီအောဆုရရှိဖို့ ရေပန်းစားနေသလို လက်ရှိမှာလည်း ဘိုင်ယန်မြူးနစ်အတွက် ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူးလီဝန်ဒေါစကီးဟာ ယူနီယံဘာလင်ကို အနိုင်ရရှိခဲ့တဲ့မှာလည်း အသင်းအတွက် ၂ ဂိုး သွင်းယူပေးခဲ့ပါတယ်။ ၅-၂ နဲ့ ဘိုင်ယန်က အနိုင်ရရှိခဲ့တဲ့ စနေနေ့ပွဲစဉ်မှာ ပိုလန်တိုက်စစ်မှူးက ခြေစွမ်းပြခဲ့တာဖြစ်ပြီး အသက် ၃၃ နှစ်အရွယ် တိုက်စစ်မှူးဟာ အလွတ်တည်ကန်ဘောကတဆင့်ပါ တစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ဒါ့အပြင်် လီဝန်ဒေါစကီးဟာ အသင်းဖော်ဆာနေးအတွက် ကမ္ဘာ့အကောင်းဆုံးလို့ဆိုရမယ့် ဂိုးဖန်တီးမှုကိုပါ ပြုလုပ်ပေးခဲ့ပေမယ့်လည်း ဂိုးမရခဲ့တာကြောင့် နစ်နာခဲ့ရပါတယ်။ ပိုလန်ရဲ့ ထာဝရဂိုးသွင်းအများဆုံးကစားသမားဟာ ယူနီယံဘာလအသင်းရဲ့ ဂိုးဧရိယာထိပ်မှာ ဘောလုံးရရှိထားပြီး ပြိုင်ဘက်ကစားသမားတစ်ဦးက သူ့ကိုဖိအားပေးခဲ့ပါတယ်။
ဒီရာသီမှာ လီဝန်ဒေါစကီးက ဘိုင်ယန်အတွက် ပြိုင်ပွဲစုံ ၁၅ ပွဲမှာ ၁၉ ဂိုးအထိ သွင်းယူပေးထားပြီး ခြေစွမ်းပြသနေတာဖြစ်ပါတယ်။ အသင်းရဲ့ အဓိကဂိုးသွင်းစက်အဖြစ်ရှိနေသေးသလို ပင်တိုင်တိုက်စစ်မှူးအဖြစ်နဲ့လည်း ခြေစွမ်းပြနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ပြိုင်ပွဲစုံသွင်းဂိုး ၄၉ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး လက်ရှိမှာတော့ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးအဖြစ် သတ်မှတ်ခံထားရသူလည်းဖြစ်ပါတယ်။